Episode (2)

1.4K 74 10
                                    

Zawgyi
//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း (၂)

"ခင်ဗျားကို ဘယ်သူက ကူညီခိုင်းနေလို့လဲဗျ..''

လူကိုရန်တွေ့ပီး လှည့်ထွက်သွားပြန်တဲ့ကောင်လေး
သော်နည်းနည်းတော့ တင်းသွားမိသည်။

//ဘာကောင်မို့လို့ ဒီလောက်ဘဝင် မြင့်နေရတာလဲ//

"ဟေးး.. ဟေး ခဏနေဦး.. 
ငါ့ပိုက်ဆံ ၂ရာ ပြန်ပေးခဲ့ဦးလေ..''

သူ့ရှေ့ကို လက်ဖြန့်ရင်း အကြွေးတောင်းနေသလို
လာတောင်းနေပြန်သည် ။

လင်းထက် စိတ်ပျက်စွာ စုပ်တချက်သပ်လိုက်မိရင်း
ပေးတုန်းက ပေးပီး ၂ရာထဲနဲ့ ကပ်တွပ်နေပြန်သည့်
ဒီငနဲကတော့...

"တစ်ထောင်တန် ပဲရှိတယ် မင်းမှာ ရှစ်ရာရှိရင်
ပြန်အမ်းလိုက်.. ''

ကျွန်တော့လက်ကိုရိုက်ချသလိုနဲ့ တထောင်တန်
ထိုးထည့်ပေးလာတဲ့ ခေါင်းလုံးလုံး လေး
အစကတော့ မယူတော့ဘူး ပဲတွေးထားတာ
၂ရာထဲနဲ့သော်တို့က မမွဲသွားပါဘုး ဒါပေမဲ့လဲ
ဘဝင်ခေါင်ခိုက် နေတဲ့သူ့ကို နည်းနည်းတော့
ပညာပေးချင်မိရုံသာ။

"လောလောဆယ် ငါ့မှာလဲ အမ်းဖို့အပိုမရှိဘူး
ကားခက ချန်ထားရဦ့းမယ်ကွ
ဒီလိုလုပ်လေ မင်းဖုန်းနံပါတ် ပေးခဲ့လိုက်..''..

ပိုက်ဆံ လေးနည်းနည်းနဲ့ ဖုန်းနံပါတ်
တောင်းရအောင် ဘယ်ခေတ်လဲ
ဒီငနဲကတော့ ဘာလား..o_O

"မလိုပါဘူး ပိုက်ဆံ လေးရှစ်ရာလောက်နဲ့
နောက်လမ်းကြုံလို့ တွေ့ရင် ခင်ဗျားပေးချင်တဲ့
ဆန္ဒရှိရင်ပေးပေါ့''

ပြောရင်း သူ့ လက်ထဲကိုင်ထားတဲ့ ဖောင်တခုကို
ကျွန်တော့လက်ထဲ ထည့်ပေးရင်း လှည့်ထွက်သွားပီ
ဖြစ်တဲ့ ကောင်လေး

//လူကိုများ နှစ်ရာနဲ့ ကပ်သပ်တယ်လို့ထင်လိုက်
ပိုက်ဆံ ရှစ်ရာကိုများ ပေးချင်တဲ့ ဆန္ဒမရှိလို့
မပေးဘူးလို့ ထင်လိုက်နဲ့ ဇာတ်လမ်း အစအဆုံးကို
သူ့စိတ်သူ့ အမြင်နဲ့ ဆုံးဖြတ်သွားတာချည်း
တော်တော် ဘဝင်မြင့်နေတဲ့ကောင်//

########

လာတုန်းကတော့ ဝင်းပြည့်နဲ့အတူလာတာပဲ
သကောင့်သားက ကျောင်းဝန်းထဲတောင်မရောက်
သေးဘူး ဘယ်နားပြတ်ကျန်ခဲ့လဲမသိ

ရွှေအိုရောင် ရင်ခုန်သံ(Completed)Where stories live. Discover now