Episode (17)

400 20 4
                                    


Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၁၇)

အလုပ်ကိစ္စနဲ့ ရန်ကုန်ကို နေ့ချင်းပြန် စီနိယာအမစိမ့်နဲ့
အတူတက်လာဖြစ်သည်။
အပြန်citymartထဲလိုတာ ဝင်ဝယ်ဦးမယ်ဆိုလို့
ကားထဲမှာ ဆေးလိပ်ထိုင်သောက်ရင့်းစောင့်နေမိတာ
ခဏနေမှ အဲကွန်းကားဆိုတော့ ​ဆေးလိပ်အနံ့စွဲမှာ
စိုးတာနဲ့အမကို အားနာလို့ အပြင်မှာထွက်သောက်ဖို့သာ
ပြင်လိုက်သည်။

ကားပေါ်ကဆင်းလိုက်မှ ဘယ်အချိန်ထဲက
ကားဘေးနားကို လူရောက်နေလဲတော့ မသိ။
ရုတ်တရက် လက်ထဲက လွတ်ကျသွားတဲ့ဆေးလိပ်ကိုလဲ
ပြန်ကောက်မနေတော့ဘဲ ခြေထောက်နဲ့အသာဖိချေ
နင်းပစ်လိုက်သည်။

အခုမှ သတိရမိတာ အရှေ့ကကောင်လေးကလဲ
ခြေတလှမ်းမှ မခွာသေးတာမို့ သေချာကြည့်မိမှ
ရင်းရင်းနီးနှီး မြင်ဖူးခဲ့တဲ့ ဒီမျက်နှာ...။
တခါတွေ့ရုံနဲ့ စိတ်ထဲစွဲမှတိသွားလောက်ရတဲ့ထိ
အပစ်အနာအဆာ ရယ်လို့ ပြောစရာမလိုတဲ့
ပြည့်စုံလွန်းတဲ့ မျက်နှာမျိုး..။

"အကို..ဟိန်းကိုလား..''

ကျွန်တော့ အသံကြောင့် ထိုအကိုက တအံ့တသြနဲ့
အခုမှ တစုံတရာကို အသည်းအသန် စဉ်းစားနေဟန်
တူသည်။

"သြော်..မင်းက..ဟိုတခါ ဆေးရုံမှာတုန်းက
စစ်သူဆီလာတဲ့...ကောင်လေး... အတိအကျပြောရရင်
စစ်သူရဲ့..''

"အကို...''

ရုတ်တရက် စကားဖြတ်ပြောလာတဲ့ ကောင်လေး
ကြောင့် ကျွန်တော့မှာကြောင်အအ..
ကောင်လေးရဲ့မျက်လုံးတွေရောက်ရောက်သွားတဲ့
နေရာက ကျွန်တော်တို့ ရပ်နေရာ နေရာနဲ့သိပ်အကွာကြီး
မဟုတ်.. မပြောသင့်မပြောအပ်တဲ့စကားဖြစ်နေသည်ပဲလား တစုံတစ်ယောက်ကို မသိစေချင်သည်ပဲလား...
ဘာကြောင့် ကျွန်တော့စကားကိုဖြတ်ပြောခဲ့ရပါသလဲ
အခုလို အပြုအမူကကျွန်တော့အတွက် ပိုတွေးစရာဖြစ်စေသွားမယ်ဆိုတာ ဒီကောင်လေးသိပုံမပုံ...။

ငယ်သေးပါတယ် အရင်ထဲက ကလေးစိတ်သာသာနဲ့ပဲ
လေ

............... ..................

ကျွန်တော် တို့စားပွဲဝိုင်းနဲ့ သိပ်မကွာတဲ့
အနေအထားကြောင့်
မတော်တဆ သော် တခုခုကြားသွားမှာ
စိတ်ပူသွားမိသည်။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Tempat cerita menjadi hidup. Temukan sekarang