Episode (4)

731 39 0
                                    

//ရွှေအိုရောင် ရင်ခုန်သံ//

အပိုင်း(၄)

"ဗွမ်းး.. ဗွမ်း... ဗွမ်းးး..''

အိမ်ရှေ့ဘက်မှ်ရေလောင်းချိုးသံကြောင့်
ကြည့်ရတာ သော်ပြန်လာပီထင်သည် ။__

ရေချိုးကန်က အိမ်၏အရှေ့တည့်တည့်မျက်နှာစာ
ဘက်မှာဖြစ်တာကြောင့်
ဒေါ်ခိုင်မာလာ တစ်ယောက် ရေချိုးကန်ဘက်
တချက်ခေါင်း လှမ်းစောင်းကြည့်လ်ုက်မိရင်း
အသံဆော်သြမိလိုက်တယ်။

"ဟဲ့ အပြင်ကပြန်လာရင်လဲ ရေဝအောင်သောက်ပီးမှ
ရေချိုးရတယ်ဟဲ့ တကယ်ထဲမှ ဒီအရွယ်ကြီးကို
ငါကအကုန်လိုက်ပြောနေရမှာလား''

တီခိုင့် အသံကြောင့် သော်လဲ ရေကိုအလျင်ဝအောင်
ချိုးရင်းရေလဲပိုင်း ပုဆိုးကို ကောက်ဝတ်လိုက်ပီးး
အိမ်ထဲဝင်လာလိုက်တယ်။

"သိတယ်လေ သော်တောင်အိမ်ထဲတောင်
မရောက်သေးဘူး.
တီခိုင်ရဲ့ စာကလေးလိုပိကျိ ပိကျိနဲ့အသံကို
အရင်ကြားရတော့မယ်လို့ ဟင်းး ဟင်းး''

"မကြားချင်ရင် ငါ့မျက်လုံးထဲအချိုးပြေအောင်နေလေ
ပြောကိုမပြောချင်ဘူး နေရာတကာကို ငါဝင်ပါပီး
ပြောနေရ ကိုယ့်ကို ကိုယ် ၆တနိးကလေးမှတိမနေနဲ့
လူကဖြင့်တတိယနှစ် ရောက်နေပြီ ဒီဒီ မင်းရင့်ကျက်စမ်းပါ''

ကဲစပြီ.. သော့်ရဲ့တီခိုင်ဆိုတာလေ ရေချိုးရာကစလို့
ထမင်းစားသည်အဆုံး မျက်လုံးထဲတော့ သော့်ကို
ဘယ်တော့မဆိုအချိုးမပြေ ဒေါင့်မကျိုး လို့ကိုမြင်တာ
ပြောရင်လဲပြောချင်စရာ သော်ဆိုတာကလဲ
တကယ်ကိုအကြောတင်း ဆူလဲငေါက်လဲခဏ
ဘယ်တော့မှ အချိုးကမပြောင်း လူကသာတက္ကသိုလ်
ကျောင်းသား စိတ်ကတော့ ဟိုမရောက်ဒီမရောက် နဲ့
တနေ့တနေ့တီခိုင်နဲ့တိုးတာနဲ့
ဆူစရာအကွက်တခုမဟုတ်တခုကရှိနေစမြဲ

"ကဲပါ တီခိုင်ရယ် သော့်ကိုပွားမယ်ဆိုလဲနောက်မှ
ခုတော့ စည်သူကိုသွားကြိုရဦးမယ် ဟုတ်ပီလား''

"ကျစ်.. မင်းဟာလေ ကို့တွက်ပြောလို့ပြောမှန်းမသိ
ခုလိုနေပူကြီးထဲကနေ မင်း ဂလေ ရိုက်ပီးရွာရိုးကိုးပေါက်
လျှောက်သွား ဟော.. ပြန်လာတော့ ရေကတန်းချိုးလိုက်သေး မတော် လို့
ဦးနှောက် သွေးကြောတွေဘာတွေ ပြတ်ပီး...''

ရွှေအိုရောင် ရင်ခုန်သံ(Completed)Tempat cerita menjadi hidup. Temukan sekarang