Episode (9)

436 27 2
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//

အပိုင်း(၉)

"တီ... တီ... တီ.. ''

ုခြံအပြင်ဘက်မှ ကားဟွန်းတီးသံကြောင့် ဒေါ်လေးမြ
က အပြေးအလွှားခြံတံခါးကိုလာဖွင့်လေသည်။

"ဒေါ်လေးမြ..မေမေရော...''

ငယ်ငယ်တုန်းက လိုပင် ကလေးတွေအိမ်ပြန်ရောက်တာနဲ့
အမေကို တန်းမေးမိတော့တာပဲ။
ဒီထဲ အသက်၂၅နှစ်စွန်းပီဖြစ်တဲ့ ကလေးလူကြီးကျွန်တော်ပါ
အပါအဝင်ပေါ့ ။

"အပေါ်မှာ ဘုရားဝတ်ပြုနေတယ်.. သားစစ်''

တကယ်တော့ ဒေါ်လေးမြက မေမေတို့နဲ့
ဆွေမျိုးမကင်း သူအခုလို အဝေးမှာ တာဝန်ကျ
နေချိန်မှာ ​မေမေလဲအဖော်ရအောင် အတူလာနေပေးခြင်း~~

ဘုရားဝတ်ပြုနေရင်း ကြားလိုက်ရတဲ့
ကားဟွန်းတီးသံကြောင့် ကြည့်ရတာ သားကြီး
ပြန်လာပီပဲ အချိန်ကို ကြည့်တော့ ၈နာရီကျော်ကျော်
အပြင်မှာ ထမင်းစားခဲ့ပုံမရဘူး ဒီအချိန်လောက်ဆိုရင်
တော့ ~~

~~~~~ ~~~~~ ~~~~~ ~~~~~ ~~~~~ ~~~~~

ဘုရားဝတ်ပြုပီး အောက်ထပ်ကို ဆင်းလာတော့
လက်နှစ်ဖက်ကို ခေါင်းနောက်သို့ ပစ်ထား
လိုက်ရင်း ဧည့်ခန်းက ဆိုဖာခုံပေါ်မှာ မျက်လုံးများကို
မှိတ်ထားကာ အမောဖြေကာမှိန်းနေတဲ့ သားကြီး
ခင်ပွန်း ဖြစ်သူရဲ့ အမွေကို လက်ဆင့်ကမ်းနိုင်ခဲ့
တဲ့သားဟာ ဆရာဝန်ဖြစ်ရတာကို ပင်ပန်းနေတက်ခဲ့ပီလား။

ဒီနေ့ဆို တနေကုန် အိမ်ကို ပြန်မလာဖြစ်
ဒါနဲ့များ ဒီတပတ် အတွင်း မြစ်ကြီးနား ကိုပြန်ရ
တော့မယ်တဲ့ နေရာလေးလဲ အခြေတကျဖြစ်သွား အောင်
အိမ်ထောင်ပြုရမဲ့အရွယ်လဲ ရောက်နေပြီမို့
သင့်တော်မယ်ထင်တဲ့ တစ်ယောက်လောက်နဲ့
တွေ့ပေးပီးရင်တော့ ကို့မြို့ကိုနယ်ကို ပြန်ပြောင်း
ရွှေ့ဖို့ အတွက် ပြောရမယ်။

အမှန်ဆို စီစဉ်ပီးနေရာချထားပေးဖို့ ကိစ္စ ကိုဘယ်က
အစပျိုးရမလဲကိုမသိသေး။
အိမ်ထောင်ပြုဖို့ ကို ခါးခါးသီးသီး အမြဲတမ်းညင်းဆန်နေပုံက
တသက်လုံး လူပျိုကြီး အဖြစ်နေသွားဖို့ စဉ်းစားနေပုံရသည်။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Donde viven las historias. Descúbrelo ahora