Episode (28)

247 15 2
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၂၈)

ကားနောက်ကြည့်မှန်ကိုကြည့်ရင်း
စစ်သူ အရှိန်ကိုလျှော့မိလိုက်သည်။

"ဘာဖြစ်လို့လဲ... ကိုစစ်...''

"ခုနက ကောင်လေး အနောက်ကလိုက်
လာတယ် အကိုကားရပ်ပေးရမလား...''

သူခဏတော့ တွေဝေသွားသည်။
ဘယ်လိုစကားလုံးမျိုးနဲ့မှ ထပ်မံအချည်နှောင်
မခံချင်ပါ။ ဖြစ်နိုင်ရင် ကျွန်တော်ရွေးချယ်နေမိ
တာသူနဲ့ဝေးနိုင်သမျှ ဝေးသွားဖို့ကိုပဲ။

"အရှိန်မလျှော့လိုက်ပါနဲ့..အကို..
ဖြစ်နိုင်ရင်မျက်ခြေပျက်သွားတဲ့ထိ
မောင်းပေးလို့ ရမလား...''

"သေချာလား..ထက်လေး...''

"ဟုတ်...''

မျက်ခမ်းစပ်က အရည်ကြည်တချို့က
မျက်ရည်တွေကြောင့် ကျွန်တော်
ရင်ထဲပို၍တင်းကျပ်လာသည်။
ကိုယ့်ဆီမှာ စိတ်မရှိတော့တာ သေချာတဲ့
လူတစ်ယောက်ကို ကျွန်တော်ကဆွဲထား
နေမိတာလား...။

ကျွန်တော့ကို အားနာသလိုကြည့်လာတဲ့
မျက်ဝန်းတွေကြောင့် ကျွန်တော်အကြည့်
လွှဲလိုက်မိသည်။

တောင်းပန်ရင်တောင် ခွင့်မလွှတ်တာမို့
ဘာမှမပြောပဲ အကို့ဘေးမှာမင်းတစ်သက်လုံး
နေသွားဖို့သာ တာဝန်ယူပေးပါ။

............

ပုံမှန်တိုင်း ကျွန်တော် စာမေးပွဲဖြေပြီးတဲ့
အချိန်ထက်စော၍ အဆောင်ရှေ့သို့
ရောက်လာကာ ကားကိုအနည်းငယ်လှမ်း
သောနေရာကနေ စက်သပ်ရင်း စောင့်နေမိသည်။

ကျွန်တော့်ထက်စော၍အဆောင်ပြင်ဘက်
မှတ်တိုင်နားကစကားဝိုင်း တစ်ခုမှ
လင်းထက်ကို မြင်လိုက်ရတာကြောင့်
ကျွန်တော် အကဲခတ်နေမိသည်။

နှစ်ယောက်ထဲပြောနေတဲ့စကားတွေကို
ကျွန်တော်မကြားခဲ့ဘူးဆိုပေမဲ့ သိချင်စိတ်နဲ့
မေးကြည့်မှာမျိုးလဲမဟုတ်။
ကျွန်တော့်ကားတည့်တည့်သို့လျှောက်လာပီ
ဖြစ်တာ သူ့ခန္ဓာကိုယ် အလွတ်ကြီးသပ်သပ်
သာ မင်းစိတ်တွေဘယ်ဆီမှာဝဲကျန်ခဲ့လဲ
ကိုယ်နားလည်သွားသည်။
ထပ်ပြီးတော့ မေးခွန်းတွေအများကြီးနဲ့
ပိတ်လှောင်တာမျိုးလဲ ကိုယ်လုပ်မှာမဟုတ်ဘူး။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Wo Geschichten leben. Entdecke jetzt