Zawgyi
//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၁၆)
ဆိုင်အပြင်ဘက်ကနေသော့်ကို စောင့်နေရင်း
လက်ကနာရီကို တချက်ကြည့်မိတော့
၂နာရီကျော်ကျော် နေ့လည်ခင်း ဘာမှမစားရသေးတာ
ကြောင့် ဗိုက်ကလဲ အတော်အချက်ပြနေပီ ဖြစ်သည်။စတိုးဆိုင် အပြင်ဘက်ကနေ ကားလမ်းမဘက်
တချက်ရှိုးလိုက်တော့ ကားတွေကတော့ တစီးပီး
တစီးမောင်းနှင်နေဆဲ အခုထိ ဆိုင်ဘက်ဦးတည်
လာတာမျိုးမတွေ့ရသေး။ဖုန်းထက်ဆက်ရမှာလဲ အားနာသည်
လာနေပီလို့ ပြောမှတော့ ခဏစောင့်နေရုံပဲ
ရှိတော့တာပေါ့။ဆိုင်ရှေ့မှာ ထိုးရပ်သွားတဲ့kenbo125
ဆိုင်ကယ်တစီးကြောင့်
တချက်တော့ ကြည့်လိုက်သည်။
ဆိုင်ကယ် ဦးထုပ်စောင်းထားတာကြောင် မျက်နှာကို
ဘယ်သူဘယ်ဝါမှန်း မသိရ
တက္ကစီ ဆွဲနေတာဆိုတော့ကားနဲ့ပဲလာလောက်တယ်
ဒီကောင်က ဆိုင်ကယ်တော့ မစီးလောက်ပါဘူး"..လင်းထက်..''
မဟုတ်လောက်ဘူး လို့ တွေးမိပီး ဆိုင်ထဲဝင်မဲ့
ခြေလှမ်းတို့က နောက်ဘက်က ခေါ်သံကြောင့် တုံ့ခနဲလှည့်ကြည့်လိုက်တော့ အစိမ်းပုပ်ရောင်ရှပ်အကျီ
င်္ပြောင်ကိုJeans ဘောင်းဘီအနက်နဲ့လိုက်ဖက်စွာ
တွဲဝတ်ထားတဲ့သူက
ကျွန်တော့ဘက် တည့်တည့် လျှောက်လာသည်။ဆိုင်ကယ်ဦးထုပ်ကိုပါ ချွတ်လိုက်တော့မှ
ရွှေအိုရောင် ဆံပင်တို့ကပါ လေတချက်အဝေ့မှာ ဝေ့ခနဲ
ထုံးစံတိုင်း ဆံပင်တွေကိုတော့ အနောက်ဘက်သို့
ပင့်စည်း ထားတာကြောင့် ရှုပ်ပွပီး လန်ပြန်နေတဲ့
ဆံပင်တွေကို သူဘာသူပြန်သပ်ချ နေပြန်သည်။"ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရတာ
ဆံပင်ကေပျက်တာတော့ မမိုက်ဘူး..''"..ဘယ်လိုဖြစ်တာလဲ...မင်းအိမ်က ပြောတော့ဖြင့်
တက္ကစီဆွဲနေတာဆို''"အေးလေ.. အခုလဲ အဲ့ကနေတန်းလာတာ
နောက်ကျသွားလား.. လာခါနီး ကိစ္စတခုပေါ်လာတာနဲ့..''"မဟုတ်ဘူးလေ.. မင်း ဆိုင်ကယ်ပါ ကယ်ရီဆွဲနေတာလား..''
"ဘယ်ကသာ.. ငါ့မှာဆိုင်ကယ်ရှိတာ မင်းမသိဘူးလား..''
أنت تقرأ
ရွှေအိုရောင် ရင်ခုန်သံ(Completed)