Episode (20)

391 16 2
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၂၀)

မပြန်ခင်ဆေးရုံဝန်းထဲက ပန်းခြံမှာ ခဏလောက်
လေကောင်းလေသန့်ရှုရင်း ကျွန်တော် အတွေးများစွာနဲ့
ထိုင်နေလိုက်မိသည်။

အကိုက ကျွန်တော် နဲ့ပတ်သတ်ပီးတကယ်ကို
လေးလေးနက်နက် မရှိဘူးပဲ စချစ်ရတာလဲ
ကျွန်တော် အခုဆက်ချစ်ရမှာလဲ ကျွန်တော်ပဲဖြစ်ပြန်ပီလားကိုယ်တိုင်က အရမ်းတွေမျှော်လင့်နေမိတာလား
မသိဘူး ကျွန်တော့လောက်တော့မလေးနက်သလိုပဲ
ပြီးတော့ အကိုနဲ့ပတ်သတ်ပြီး ဖြစ်ချင်တာတွေ
အတူတူလုပ်ကြည့်ချင်ခဲ့တဲ့ အရာတွေ အများကြီး ရှိတယ်။

"ညီလေးက.. စစ်သူရဲ့ကောင်လေးလား......''

ဘေးနားကအသံကြောင့်ကျွန်တော် ဦးထုပ်ကို
အနည်းငယ် အပေါ်ပင့်တင်ကာ ကြည့်လိုက်မိသည်။
အသားအရည်ခပ်ညိုညိုနဲ မျက်လုံး မျက်နှာပေါက်ပုံစံကို
ကြည့်ထဲက မြန်မာ စစ်စစ်မဟုတ်တာတော့ တန်းသိတယ်
အဲ့ဒါထက် အကိုနဲ့ ကျွန်တော် ရဲ့ပတ်သတ်မှုကို
ဒီလူက ဘာဆိုင်လို့ သိနေရတာလဲ... ??

"ခင်ဗျားက ဘယ်သူလဲ..ဘယ်လိုလုပ်ပီးသိနေတာလဲ...
မဟုတ်မှ... အကိုကပြောပြတာလား...''

ကျွန်တော့ ဘေးကခုံမှာဝင်ထိုင်လိုက်ရင်း
ထိုင်ခုံရဲ့အနောက်ဘက်အမှီကိုအားပြုကာ ခန္ဓာကိုယ်မှာလဲ
ခပ်လျှောလျှောအနေအထား

"အကို့ နာမည်ကဟိန်းကိုတဲ့...မှတ်ထားနော်
သိဆို.. အကိုက စစ်သူရဲ့ အရင်းနှီးဆုံး
သူငယ်ချင်း ပဲလေ..''

စကားပြောနေရင်းက ညာဘက်လက်မှာ ပတ်ထားတဲ့
နာရီကို အလိုမကျသလို ဆွဲချွတ်လိုက်သည်...။

ပြီးမှ လက်နဲ့ဟိုပုပ်ဒီပုပ် နဲ့နာရီကို ထုရိုက်ကြည့်နေပြန်
သေးတာ ကြည့်ရတာ စက်မသွားတာကြောင့်ဓာတ်ခဲ
လဲရတော့မယ်နဲ့ တူတယ်

"စိတ်မရှိရင် အကို့ကို ဒီနာရီလေး ဆိုင်မှာ
ဓာတ်ခဲ ထည့်ပေးခဲ့လို့ရမလား နောက်တခေါက်
လာဖြစ်ရင် ပြန်ယူလာလေ..''

ထိုအကိုရဲ့ စကားကို အဆူံးထိ သေချာနားထောင်
လိုက်ပီးမှ မျက်နှာကို အလိုမကျသလိုမှုန်ကုပ်စွာ
အရှေ့တည့်တည့်သို့ပြန်လှည့်လိုက်သည်...။
ဘယ်လိုတောင် အလိုက်မသိတဲ့ လူလဲ စိတ်ညစ်လို့
ထိုင်နေပါတယ်ဆို လူကိုလာပီး သူ့နာရီစုပ်ကို
ဓာတ်ခဲဖြည့်ခိုင်းနေတယ်..။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Onde histórias criam vida. Descubra agora