Zawgyi version
//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၂၂)"အန်... အန်ကယ်....ကျွန်..
ကျွန်တော်တို့နှစ်ယောက်...''လက်သီးတစ်ဖက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားရင်းတစ်ဖက်ကနေလဲ
လင်းထက်လက်မောင်းကို
တင်းကျပ်စွာဆုပ်ကိုင်ထားသော
အန်ကယ်ဦးသက်လွင်ကို ဖြေရှင်းချက်ပေးရန်
စကားလုံးတို့ ရှာမရ။တစ်ခါမှ မမြင်ဖူးခဲ့တဲ့ စစ်သူရဲ့ အမူအရာတွေက
သူအမှန်တိုင်း ဝန်ခံရမှာ ကြောက်ရွံ့နေမိသလို ၊
အမှားကျူးလွန်မိထားသူလို မတည်မငြိမ်နဲ့
ဒီအမူအရာတွေကဦးသက်လွင် ဒီကလေးကို
မမြင်ဖူးခဲ့တဲ့ ပုံစံတစ်မျိုးသာ....။ဒီကလေး အပေါ် အမြင်မကြည်စရာ သဘောမကျစရာ
အချက်ဆိုတာမရှိ သို့ပေမဲ့ ကိုယ့်သားနဲ့တော့မဖြစ်ရဘူး
အကုန်လုံးကို လက်သင့်ခံနိုင်တယ်ဆိုရင်တောင်.
သူ့သားငယ်လင်းထက်ကိုတော့ ဒီလိုလူမျိုးမဖြစ်စေချင်ပါ။
ထုံထိုင်းပီးအလို့ ဘယ်နေရာမှ အသုံးမကျလဲနေပါစေ
သူမျှော်မှန်းထားသလို ကလေးမျိုး ဖြစ်မလာလဲနေပါစေ..
လင်းထက် ဟာ သာမန်လူတစ်ယောက်အနေနဲ့ပဲဘဝကို
ဖြတ်သန်းရမယ် လို့ သူဒီအချိန် ခဏလေးအတွင်းမှာ
ပိုပီး သဘောပေါက်သွားခဲ့သည်။မဖြစ်ပါ... သူ့သားငယ်ကို သူကလွဲပီး အခြားသူရဲ့
လက်ညှိုးထိုး ဝိုင်းအပစ်တင်မဲ့သူ အဖြစ် သူလက်သင့်ခံမှာမဟုတ်ပါ။................
လင်းထက်အနေနဲ့ကလဲကြောက်ရွံမှုကြောင့်
ဇောချွေးတွေပါ ပြန်လာသည်
လဲကျသွားတဲ့ အကို့ကို ဆွဲထူပေးချင်ပေမဲ့
မိမိလက်မောင်းတို့အား ဖေဖေကတင်းကျပ်စွာ
တစ်ချက်ဖျစ်ညှစ်လိုက်သည်။"ငါ.. ငါတို့ အမြင်မှားတာလား..အကိုစစ်သူက
အခုကောင်လေး တစ်ယောက်နဲ့ နမ်းနေတာလား..''"အမြင်မှားတာ မဟုတ်ဘူး တကယ်ကြီးကွ..''
"ကိုစစ်က ရည်းစားတောင် မထားဖူးတာ..
သူကgayနေလို့လား...''
YOU ARE READING
ရွှေအိုရောင် ရင်ခုန်သံ(Completed)
Romanceသံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသားကိုပဲဦးစားပေးရွေးချယ်ရဲပါ့မလားဆိုရင် ကျွန်တော် ကတော့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကိုပဲဦးစားပေးရွေးချယ်ရဲပါ့မလားဆိုရင် ကျွန်တော်ကတော့...