Episode (12)

401 20 4
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၁၂)

၂၀၁၇/ဧပြီလ/သင်္ကြန်အကျနေ့

သင်္ကြန်အတွက် မဏ္ဍပ်အပြင်အဆင်ကို
စန္ဒီကပဲ ဦးစီးပီး တာဝန်ယူပေးခဲ့သည်။

ငယ်ငယ်လေးထဲက အိမ်ကလူကြီးမိဘတွေက
သင်္ကြန်တွင်းဆို အပြင်ထွက်ရေကစားတာမျိုးကို
ခွင့်ပြုမထားခဲ့ မူးရစ်ရမ်းကား ကြသူတွေနဲ့တွေ့ပီး
စိတ်အခန့်မသင့်ရင် ရန်ဖြစ်ကြမှာကို စိုးသည်။

ကိုယ်တိုင်က အရက်သေစာဆို ကင်းရှင်းပီး
အနံ့တောင် မခံနိုင်ပေမဲ့ လင်းထက်ဆိုတဲ့
ကောင်လေးကတော့ ထိုသို့မဟုတ် .....
အရက်ကလေးနဲနဲဝင်လာရင် ​သွေးကဆိုးချင်သည်။

လူကောင်ကသာ ကျွန်တော့တစ်ကိုင်စာပဲရှိတာ
မနှစ်က သင်္ကြန်ဆို အတော်ထိန်းလိုက်ရသည်။

မူးလာရင်လဲဟိုလူနဲ့တွဲခေါ်ပီး က ဒီလူကိုပြေးဆွဲပီး
ကနဲ့....

ထိုအချိန်မျိုးဆိုရင်တော့ အနေအေးပါတယ်ဆိုတဲ့
အချေကိုယ်တော်လေးရဲ့ image ကပျောက်သွား
တက်သည်။

ညနေ ဘက်ဆိုတော့ လူလဲ အတော်ကျနေသည်။

ကျွန်တော်ကတော့ အသက်အရွယ်အရ
အကြီးဆိုတော့ ကလေးတွေ ရန်မဖြစ်ရအောင်
စောင့်ကြည့်ပေးနေရင်း
စတုဒီသာ အတွက် မေမေနဲ့အန်တီကို
ဝိုင်းကူပေးနေလိုက်သည်။

ဒါကျွန်တော်တို့ နှစ်ဖက်မိဘလုံးရဲ့
ဖေဖေရှိစဉ်ကထဲက
အလှူဆို စပ်တူ လှူတက်ကြသည်။

ကျွန်တော့်မှာ သူငယ်ချင်း တွေနဲ့
စကားတပြောပြော လုပ်ရင်း လက်ထဲက
ဘီယာဗူးလေးကို ကောက်ကောက်
မော့နေတက်သည့် ကောင်လေးဘက်ကိုလဲ
လှမ်းလှမ်းကြည့်ရသေးသည်။

မူးလာရင်စကားအပြောအဆို
ရင့်တက်တာမို့ အခန့်မသင့် စိတ်မကြည်ရင်
ဘေးလူနဲ့ ရန်ထဖြစ်မှာ စိုးရသေးသည်။

.......................... ........................

သူ့ကိုကြည့်နေတာကို မြင်သွားသည်ထင်....

ကျနော့ဘက်ကို တည့်တည့်ကြီး လာနေတာမို့
လူက ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့

ရွှေအိုရောင် ရင်ခုန်သံ(Completed)Where stories live. Discover now