Episode (13)

408 21 0
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၁၃)

လင်းထက် မဏ္ဍပ်ကနေပြန်လာပီး
စိတ်တိုတိုနဲ့ အခန်းထဲဝင်ပီး
စောင်ခြုံထဲကွေးနေမိလိုက်သည်။

အကို့ကိုလဲ စိတ်တိုသည် တလောကလုံးကိုလဲ
စိတ်ဆိုးသည်။

ဘာကို အလိုမကျဖြစ်နေလဲ မသိပေမဲ့
အကို့အပေါ် ဝန်ခံပီးတဲ့အချိန်က စလို့
သူ့ဆီက အခုလောက်ထိ မြန်မြန်ကြီး
အဖြေပြန်ပေးလိမ့်မယ်လို့မထင်....။

ကိုယ်ချစ်ရတဲ့သူကလဲ
ကိုယ့်ကို ပြန်ချစ်နေတယ်ဆိုတဲ့ခံစားချက်မျိုး
ပြန်လိုချင်ခဲ့တာ ကျွန်တော် အရမ်းတွေမျှော်လင့်ခဲ့မိတယ်နှင့်တူသည်။

သံယောဇဉ် ကို အချစ်လို့ ထင်မှားနေတာပါလို့
အဖြေပေးခဲ့တဲ့အကိုက ဒီထက်ရှေ့တိုးရင်
ကျွန်တော်တို့ ကြားက ညီအကို သံယောဇဉ် ကိုပါ
အလွယ်ပြတ်သွားနိုင် ကြောင်း အကိုကခြိမ်းခြောက်သည်။

အကို ပြောသလို ကျွန်တော် အကြိမ်ကြိမ်
စမ်းစစ် မိသေးသည်။

နောက်ဆုံးတော့လဲ အဖြေက အကို့ကို
ကျွန်တော်တစ်ယောက် ထဲသာ ပိုင်ချင်သည် ။
ငယ်ငယ်လေးထဲက မောင်နှမ နှစ်ယောက် ရှိတာကို
အရာရာ ဦးစားပေး ခံရတဲ့ မမကို အားကျသည်။

ထိုအားကျမှုတွေကို ကျွန်တော့ဆီ
ယိုဖိတ်ကျလာဖို့ လက်တွေ့မှာ
ယူဆောင်လာပေးသူက အကိုတစ်ယောက်ထဲသာ။

ကျွန်တော်မဟုတ်တဲ့ အခြား တစ်ယောက်နဲ့
အကို့ကို မြင်နေရတာ မပျော်ဘူး ဘယ်သူ့
အနားကိုမှ အကိုရောက်သွားမှာ မလိုချင်ဘူး။
အတ္တကင်းကင်း မချစ်နိုင်တာတော့ ခွင့်လွှတ်ပေးပါ

ပြီးတော့ ဘယ်သူမှားလဲ မှန်လဲ
အဖြေကိုအတိအကျမသိပဲနဲ့
လူကြားထဲ အော်ငေါက်ပီး
ကျွန်တော့ဘက်ကရှိမနေပေးတာကြောင့်
ဒီတခါတော့ အကို့ကို ကျွန်တော် တကယ်စိတ်ဆိုးသည်။

~~~~ ~~~ ~~~~ ~~~ ~~~~ ~~~ ~~~~ ~~~

ကျွန်တော် အလောတကြီး အိမ်ထဲဝင်သွားတော့
ထိုကောင်လေး ရဲ့ အရိပ်အယောင်ကိုပင်မတွေ့ရ
အနာကိုလဲ ဆေးထည့်မဲ့ပုံမပေါ်ဘူး ထုံးစံတိုင်း
စိတ်ကောက်ပီး အခန်းထဲ ကွေးနေလောက်မယ်
ဆိုတဲ့ အတွေးနဲ့ ကျွန်တော် အပေါ်ထပ်က သူ့အခန်းဆီ
သာ တက်သွားလိုက်တော့တယ်။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Donde viven las historias. Descúbrelo ahora