Episode (10)

452 33 2
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၁ဝ)

မနက်ခင်း ပြတင်းတံခါးကို ကျော်လွန်ပီး
ဖြာခနဲကျရောက်လာတဲ့ နေရောင်ခြည်
စူးစူးတို့ကို လက်တစ်ဖက်နဲ့ ကာလိုက်ပီး
ဆက်အိပ်ဖို့ကြိုးစား လိုက်မိတယ်။

တစ်ခါနိုးပီးရင်ပြန်အိပ်တက်တဲ့
အကျင့်မရှိတာကြောင့်ထင်တယ်
ဆက်အိပ်ဖို့ကို အဆင်မပြေတာနဲ့
အိပ်ရာပေါ် ငုပ်တုပ်ထိုင်နေမိလိုက်တယ်။
ဒါတောင် တစ်ချက်တစ်ချက်
လူကငိုက်တိုက်တိုက် ဖြစ်နေသေးတာ...

ကုတင်ခေါင်းရင်းဘက် စားပွဲခုံပေါ်က
ဖုန်းကို ကောက်ယူ လိုက်ရင်း ဖုန်းခေါ်ဆိုထားခြင်း
ရှိမရှိကို ယူကြည့်လိုက်မိသည်။
မျှော်လင့် ထားတဲ့ နံပါတ်ကို မတွေ့တာကြောင့်
မနက်ခင်းတို့ဟာ မလန်းဆန်းနိုင်တော့
ရင်တစ်ခုလုံး လစ်ဟာလို့နေခဲ့ပြီ ဖြစ်သည်။

ညကလဲ ဟိုတွေးဒီတွေး အတွေးများနေမိတာ
ဘယ်အချိန်မှ အိပ်ပျော်သွားမိလဲတောင်မသိတော့

အိမ်ရှေ့ဝရံတာဘက် အညောင်းပြေအညာပြေ
အကြောဆန့်ရင်း ထွက်ရပ်လိုက်တော့
မိုးရွာပီးကာစကြောင့်ထင်တယ်။
နှာဖျားတဝိုက် မြေသင်းနံ့တို့နဲ့အတူ
ကျွန်တော်အပျင်းပြေစိုက်ထားတဲ့
စံပယ်ပန်းပင် အနံ့ကလဲသင်းခနဲ
ဖေဖေရှိစဉ်က အိမ်ရဲ့အနောက်ဘက်မှာ
သစ်ပင်စိုက်တိုင်း ဝိုင်းကူလုပ်ကိုင်ပေးနေကြ
ဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်မသိလိုက်ပဲ
အပင်စိုက်ရတာကို ဝါသနာပါလာတယ်။
ကိုယ့်မျက်စိ့ရှေ့ကနေ တဖြေးဖြေး ကြီးထွားလာတာ
မျိုးကို ကိုယ်တိုင်မြင်မတွေ့နိုင်တော့ပေမဲ့
နယ်မှာ တာဝန်ကျနေစဉ်အတွင်း မေမေက
ကျွန်တော် အပင်လေးကို ဂရုတစိုက်ပြုစုပီး
ထားပုံရသည်။

စံပယ်တွေ လှိုင်လှိုင်ပွင့်ပီး ဖွေးဖွေးဖြူနေတာကို
ကြည့်ပီး စိတ်ညစ်ညူးတာပြေလျော့သွားသလို
အဖြူရောင်က စိတ်ရဲ့အညစ်အထေးတွေကို
ဖျေဖျောက်နိုင်စွမ်းရှိသည်နှင့်တူသည်။

"ဒေါက်... ဒေါက်... ဒေါက် ''

"သားစစ်.. သားစစ်... ..''

ရွှေအိုရောင် ရင်ခုန်သံ(Completed)Where stories live. Discover now