Episode (23)

262 14 2
                                    

Zawgyi Version

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၂၃-၁)

လင်းထက် ပိုက်ဆံအိတ်ရော ဖုန်းရော
ပါသွားပြီးနောက်နေ့မှာပဲ မမဆီ
အပူကပ်ပီး လှမ်းတောင်းခဲ့သည်။

မေမေသိရင် စိတ်ပူနေမှာစိုးတာနဲ့
အသိမပေးလိုက်ဖို့ကိုထပ်ခါတလဲလဲမှာရသည်။
မပြောဘူးဆိုရင်တောင်ပါးစပ်က
လှစ်ခနဲဆိုထွက်ထွက်သွားပီး
ဘူးပေါ်သလိုပေါ်သွားမှာ စိုးနေရသည်။

ဘာမဟုတ်တဲ့ ပြဿနာလောက်နဲ့တော့
မေမေ့ကိုအပူတွေထပ်မပေးချင်ပါ။
မေမေကပဲ သူ့ကိုအရာအားလုံး
လက်ခံပေးနိုင်ခဲ့တာ အခုနေ မေမေ့အတွက်
သူပြန်ပေးနိုင်တာ ဘာမှမရှိသေးရင်တောင်
ထပ်ပီးစိတ်ပူစရာကိစ္စတွေလဲ ပေးမသိချင်တော့..။
ဖေဖေကတော့ ဘာဖြစ်ဖြစ်
ဆိုပီး မျက်နှာလွှဲသွားပုံရသည် ။
အကိုနဲ့မှမဟုတ်ဘူးတခြားဘယ်လိင်တူ
ယောကျာ်းနဲ့မှ ဖေဖေက ကျွန်တော့
ဖြစ်တည်မှုကို အဆုံးထိ နားလည်ပေးနိုင်မှာမှ
မဟုတ်ပဲလေ။

စာမေးပွဲ ဖြေဖို့ အနီးကပ်ရက်တွေကို
ကျွန်တော်တို့အားလုံးတက်နေကြရပီဖြစ်သည်။
အခုချိန် ထိဝင်ငွေအရှာကောင်းနေဆဲဖြစ်တဲ့
သော်ကတော့ကျောင်းကို စာမေးပွဲ ဖြေခါနီး
နောက်ဆုံးရက်တဖြစ်လဲဒီနေ့မှ ရောက်လာခဲ့ခြင်း ။
တစ်ယောက်ထဲဆို အတန်းသွားရမှာ
စိတ်ထဲတမျိုးပဲ ဆိုလာတဲ့သူက မနက်ထဲက
ကျွန်တော့ဆီ ဖုန်းဆက်ပီး ကျောင်းတွင်း
ကားဂိတ်မှာ စောင့်နေဖို့ပြောတာကြောင့်
အခုထိ ထိုနေရာကနေမရွေ့ မိသေး။

"လင်းထက်..''

ခပ်မာမာအော်လိုက်သံကြောင့် ကျွန်တော့
ခန္ဓာကိုယ်ဟာလဲ တုန်ခနဲ ။
အသံကြောင့် လှည့်ကြည့်မိတော့
မျက်နှာမြင်ရုံ နဲ့တင် မနက်ကစားခဲ့သမျှ
ပြန်အံထွက်ချင်ကုန်သည်။

"လင်းထက်.. ကိုယ်မင်းကို
ပြောထားတာလေးမမေ့ပါဘူးနော်..''

ပြောထားတာဆိုတဲ့ စကားလုံးအစား
ခြိမ်းခြောက်တာဆိုတာက ပိုမှန်မည်ထင်သည်။
ကျွန်တော်ပထမနှစ် တောင်ငူမှာ တက်ခဲ့စဉ်က
ကျွန်တော့ဘဝထဲ ဂြိုလ်ဆိုးဝင်လာခဲ့သည်။
မိန်းကလေးတွေကို သဘောမကျတဲ့ ကျွန်တော့်ရဲ့
ငြင်းဆိုချက်က ထိုလူရဲ့ ညီမဖြစ်သူကိုစိတ်ကျရောဂါ
ဖြစ်စေသွားလောက်တဲ့ထိ အန္တရာယ်ဖြစ်သွားစေ
ခဲ့တာလား ကျွန်တော် တကယ်ကိုနားမလည်။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Donde viven las historias. Descúbrelo ahora