Episode (19)

360 17 2
                                    

Zawgyi

//ရွှေအိုရောင် ရင်ခုန်သံ//
အပိုင်း(၁၉)

အခန်းထဲရောက်တော့ကုတင်ပေါ် ခြေပစ်လက်ပစ်
လှဲချလိုက်မိရင်း အတွေးများစွာက
နှောက်ယှက်လို့ဝင်လာပြန်သည်။

ကိုယ်တိုင်က ခန့်မှန်းရခက်တဲ့ လူထဲမှာ ပါတယ်ဆိုရင်
စိတ်ထဲတနေ့တခြား ဝင်ဝင်လာတဲ့သူကပိုလို့တောင်
ခန့်မှန်းရခက်တဲ့ လူမျိုး ဖြစ်လိမ့်မယ်
အခုချိန်ထိ ကျွန်တော့်ပေါ်ခံစားချက်တွေ
ဖွင့်ဟ မလာသေးပုံအရ သူကိုယ်တိုင်က
ကို့အပေါ်တကယ် ခံစားချက် ရှိတာရောဟုတ်ရဲ့လား
အကယ်၍ သူ့ဘက်က ဖွင့်ဟ လာတဲ့တနေ့မှာရော
ကို့ဘက်က တိတိကျကျ ပြန်ပေးနိုင်တဲ့ အဖြေဟာ
ကျွန်တော့ နှလုံးသားထဲက စစ်မှန်တဲ့အဖြေမျိုးသာ ဖြစ်လာပါလိမ့်မည်,..။

...............

ဟိန်းကိုဆီက ဖုန်းလာပီး မကြာ အန်ကယ်ဦးသက်လွင်
ဆီက ဖုန်းcall ဝင်လာပေမဲ့ သူမကိုင်ဖြစ်တော့
ထပ်ပီး လင်းထက်နဲ့ ပတ်သတ်ပီးတော့
လက်လျှော့ဖို့ကို ပြောမှာပဲလေ သူကလဲ ဘာကြောင့်များ
ဒီလောက် ခေါင်းမာနေမိလဲ မသိတော့
ဒီကောင်လေး ကိုဘယ်အချိန်ထဲက အခုလောက်ထိ
ချစ်မိသွားလဲ ကိုယ်ဘာကိုယ်တောင် နားမလည်တက်ခဲ့..။

ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်ကို ကုတင်ပေါ်သို့
ပစ်လှဲလိုက်ရင်း ခြေထောက်တွေကို
အောက်ဘက်သို့ချထားသည်။

ခပ်မာမာရှိတဲ့ အဝိုင်းပုံစံနဲ့ အရာတခုက ညာဘက်
ခြေဖျားကို ရှပ်ထိရုံဆိုသလို.....
ခြေတဖက်နဲ့ပဲဟိုစမ်းဒီစမ်း လုပ်ရင်းက
ကုတင်အောက်ဘက်ကနေ
သူထိမိနေတဲ့အရာကိုလဲခန့်မှန်းနေလိုက်သေးသည်။

ရုတ်တရက် မျက်လုံးအကြည့်တို့က သူ့စာရေးစားပွဲခုံနဲ့
မျက်နှာချင်းဆိုင် နံရံဘက်သို့ရောက်သွားသည်။
မဟုတ်မှလွဲ၍ သူထိမိနေတဲ့အရာက...??

ခန္ဓာကိုယ် ကို ဆက်ခနဲ ကောက်ထလိုက်မိရင်း
ဒူးနှစ်ဖက်ကို ကွေးကာ ကုတင်အောက်ကို
အနည်းငယ်ကုန်းလိုက်သည်။
ထိုအခါမှ စောစောက သူထိတွေ့မိနေတဲ့ အရာကို
ကောက်ယူလိုက်ရင်း အသေးစိတိပြန်ကြည့်မိလိုက်တော့
ထိုပစ္စည်းလေး လက်ထဲ ရောက်လာတဲ့အချိန်ကို
ပြန်လည် သတိရမိသည်။
လွယ်လွယ်လေး နဲ့လက်ထဲရောက်လာတာ
မျိုးမဟုတ် သူနဲ့ကျွန်တော်ကြား အမြဲတမ်း
ကတောက်ကဆတို့က ရှိနေခဲ့သည်။

ရွှေအိုရောင် ရင်ခုန်သံ(Completed)Donde viven las historias. Descúbrelo ahora