Unicode
Just Love (1)
"PARK JIMIN !!
မိဘမျက်နှာအိုးမဲသုတ်တဲ့အကောင်"ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကို တော်တော်ကြာမှအိမ်ပြန်လာတဲ့သားအား ကြိုဆိုလက်ဆောင်ပေးလိုက်သည်။
"တော်ပါတော့ ယောင်္ကျားရယ် သားလေးကိုမလုပ်ပါနဲ့တော့ "
ထုံးစံအတိုင်း မကြည့်ရက်တဲ့အမေကတော့ ဝင်ဆွဲရပြန်ပြီပေါ့။ သောက်ရေအိုးဖင်ပေးအေးအေးပဲ ဆိုသလိုမျိုး နှုတ်ခမ်းထောင့်မှသွေးစတို့ကိုလျှာနဲ့တချက်သပ်လိုက်ကာ မထီမဲ့မြင်စိုက်ကြည့်လိုက်ရင်း ဘေးကဖြတ်ကာ အိမ်အပေါ်ထပ်သို့တက်သွားသည်။
"မင်းကြားကနေအမြဲဝင်ပါလို့ အဲ့ကောင်ခုလိုဖြစ်နေတာ"
"တော်ပါတော့ရှင် တော်ပါတော့ သားကိုသူတစ်ယောက်ထဲလွတ်လပ်နေပါစေ"
"အေး နေခိုင်းလိုက် လွတ်လပ်ရုံတင်မက ပုံစံကိုကြည့်စမ်း လမ်းဘေးက ဂလေဂချေလိုပဲ စုပ်ပြတ်သတ်နေတာပဲ ငါတို့အသိုင်းဝိုင်းဂုဏ်ကို နဲနဲမှမထောက်ဘူး"
အိမ်အောက်ထပ်မှ အသိုင်းအဝိုင်းကြီး ဖခင်၏ဒေါသသံများကို ကြားနေရလဲ မကြားသလိုသာ..... အိတ်ကပ်ထဲကနားကြပ်လေးကိုထုတ်ကာ နားနှစ်ဖက်မှာ တပ်ဆင်ရင်း အိပ်ရာပေါ် ဖိနပ်ေတာင်မချွတ်ပဲလှဲနေသေးသည်။
**
ညနေတောင်စောင်းသွားပြီလားမသိ အိပ်ချင်သလိုအိပ်လိုက်လို့ အိပ်ရာဖြူဖြူလေးတောင် တွန့်ကြေကာ ဖိနပ်ရာတောင်ပေနေသေးသည်။"ဒေါက် ဒေါက်"
မေမေအခန်းထဲကိုဝင်လာခြင်းဖြစ်သည်။ မေမေကိုတော့ချစ်သည်။ အရာရာနားလည်ပေးနိုင်သလို ဘာပဲဖြစ်လာလာခွင့်လွှတ်ပေးနေသည်မို့ အားနာစိတ်ဖြစ်ရပြီး ချစ်လဲချစ်ရသည်။ ဒီလိုတွေလုပ်နေရတာ ဘာကြောင့်လဲဆိုတာ မေမေကအသိဆုံးပဲလေ
"သားလေး.."
တော်တော်ကြာ အိမ်ကိုပြန်မလာဖြစ်ပဲ အပြင်မှာပဲသောက်စားပျော်ပါးနေခဲ့ပြီး ငြီးငွေ့မှပြန်လာသည့်သားကို အပြုံးနဲ့ စီးကြိုပြီး နွေးထွေးစွာဖက်ထားပေးလို့ ကျေးဇူးတင်ပါတယ်မေမေ