Unicode
Just Love (9)
" Jeon အခုလာခဲ့ "
အတန်းထဲမှာထိုင်နေရင်းကနေ လွယ်အိတ်ကိုဆွဲကာ ပြေးထွက်လာခဲ့တယ်
လူကုန်ထံတွေသီးသန့်ရှိတဲ့ Club တစ်ခုရဲ့ VVIP အခန်းထဲက ထိုလူရဲ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း"ရွှက် "
" အာ့ အင်း ဒုတ် "
လက်ကိုရေနဲ့သေချာပြောင်အောင်ဆေးရင်း ကွဲအက်နေတဲ့မှန်ထဲကို ကြည့်လိုက်မိသည်။ အနှစ်သာရမပါတဲ့ အပြုံးတစ်ခုကို ပြုံးမိလိုက်ရင်း
" တာဝန်ကျေတယ် Jeon "
" ဟုတ်ကဲ့ အန်ကယ် "
" ငါလိုက်ပို့ပေးမယ် တက် "
...........................................................
နွေးထွေးတဲ့ အထိအတွေ့ကိုခံစားနေမိသလို စပ်ဖျင်းဖျင်းအရသာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အရှေ့တည့်တည့်မှာ ကျကျနနထိုင်ပြီး နှုတ်ခမ်းကိုလာထိနေတဲ့ချာတိတ်
" နိုးပြီလား ဟျောင်း "
" အာ့ "
စကားပြောဖို့ပြင်လိုက်ပေမယ့် စပ်လိုက်တဲ့ခံစားချက် မျက်နှာတစ်ခုလုံးတောင်ရှုံ့မဲ့သွားရတယ်။ ချာတိတ်ကတော့ ရီနေရင်းနဲ့
" နာလား အန်ကယ်ကအရမ်းအားပြင်းတာပဲ "
" မင်း ဘာလုပ်နေတာလဲ "
" ဆေးထည့်ပေးနေတာပါ "
" ငါမေးတာက ... အာ့ shhhh"
" ကဲ စကားကိုနောက်မှပြော ဟျောင်းက ဖြစ်ဖြစ်ချင်းဆေးမလိမ်းတော့ အနာကယောင်နေပြီ "
တကယ်လဲ နှုတ်ခမ်းကအနာက စပ်ပြီးပူရှိန်းရှိန်းဖြစ်နေတာကြောင့် စကားမပြောတော့ပဲငြိမ်နေလိုက်သည်။ ဒီနေ့အပြင်ထွက်ရမှာ ငြီးငွေ့လာလို့ Dreambed ပေါ်မှာဖုန်းသုံးရင်းအိပ်ပျော်သွားခဲ့တာ ဒီချာတိတ်ကအတန်းချိန်ကြီးကိုဘယ်လိုပြန်ရောက်လာတာလဲ။
" အတန်းလစ်လာတာ ဟျောင်းကိုတွေ့ချင်လို့ "
ဘုရား!...တကယ်ပဲဘာတွေးနေလဲဆိုတာပါသိနေသလိုပြောနေတာကြောင့် အတွေးတွေကိုရပ်ပစ်ကာ မျက်လုံးမှိတ်ထားပြီးငြိမ်နေလိုက်သည်။ ပူပူနွေးနွေးနူးညံ့မှုက နဖူးပေါ်ကျရောက်လာသည်မို့ ဖြတ်ကနဲ မျက်လုံးဖွင့်ကာကြည့်လိုက်တော့ နက်မှောင်နေတဲ့မျက်ဝန်းတွေ....ဒီမျက်ဝန်းတွေကဘာလို့အရမ်းတောက်ပေနလဲ