Unicode
Just Love (13)
အိမ်ဖြူတော် ရှိရာသို့ ကားကိုဒုန်းစိုင်းကာ မောင်းထွက်လာရင်း Jungkook ဖုန်းကိုတောက်လျှောက်ခေါ်နေမိသည်။
" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ် "
" အားးးးးးး"
စိတ်ရှူပ်ထွေးကာ အော်ဟစ်ပစ်ရင်း ဆံပင်တွေကိုဖွကာ လီဗာကိုအသားကုန်နင်းပြီးမောင်းလာခဲ့သည်။
" ကလောင် "
ဖုန်းထဲကိုဝင်လာတဲ့ Notiတစ်ခု ကြည့်မိတော့ Jungkookဖုန်းကတစ်ဆင့်တည်နေရာပြနေတဲ့ အမှတ်အသား....ဘုရားသီကြားမလို့ စက်ဖွင့်လိုက်တဲ့ Jungkook ...... သိပ်မဝေးတော့တဲ့ အနီရောင်အစက်လေးဆီ မျှော်လင့်ချက်ကြီးစွာသွားနေမိသည်။
" ခနပဲစောင့်ပါ ဘာမှမဖြစ်ပါနဲ့ ဘာမှမလုပ်သေးပါနဲ့ Kook "
အနီရောင်အစက်ရှိတဲ့အချက်ပြအတိုင်းကြည့်မိတော့ တောထဲကတနေရာမှာ ကားလမ်းမပေါ် ကားရပ်ခဲ့ကာ တောထဲသို့ပြေးဝင်လာခဲ့သည်။ ဘုရားရေ......သူအသက်ရှင်နေသေးတယ် သူရှိနေသေးတယ် စိတ်ထဲမှာလေးလံလွန်းတဲ့ အပူလုံးကြီး အောက်ကျသွားသလို ခံစားလိုက်ရပြီး
" Kook ~ "
ဖုန်းထဲကဓာတ်ပုံတွေကိုကြည့်ရင်း လက်ကဒဏ်ရာကတဆစ်ဆစ်နာကျင်နေပြီး အားအင်ချိနဲ့လာတယ် အမြင်တွေဝေဝါးပြီး မှိတ်ချလိုက်မိတော့တဲ့အချိန်မှာ
" ဟင်! "
အသံလာရာကိုအားတင်းပြီးလှည့်ကြည့်မိတော့ လူတစ်ယောက်သူ့ဆီပြေးလာတာမြင်နေရတာ ဒါ ဟျောင်းလား ဒါမမဟုတ် အရိပ်သက်သက်ပဲလား အတွေးတို့နဲ့အတူအမြင်တွေပါမသဲကွဲနိုင်တော့ပါ သူအရိပ်လေးကို အနားကိုအပြေးရောက်လာရင်း ကျတော့်ပါးတွေကိုရိုက်ကာ အသိသွင်းပေးနေတယ်