Unicode
Just Love 14
ချာတိတ်ကို အိပ်ရာပေါ်ပြန်လှဲစေရင်း စောင်သေချာခြုံပေးကာ စားထားတဲ့ပန်းကန်ကိုသိမ်းနေတုန်း လက်ကို လာကိုင်သည့်ချာတိတ်....... မေးငေါ့ပြလိုက်တော့ သူ့ဘေးကအိပ်ရာအလွတ်ကို ပုတ်ပြသည်။
" မလာဘူး "
ရုပ်တည်နဲ့ပြောလိုက်တော့ နှုတ်ခမ်းလေးဆူနေသေးသည်။ မသိချင်ယောင်ဆောင်ပြီးအခနအပြင်ထွက်လာလိုက်သည်မို့ အခန်းထဲမှာ ဆူပုတ်ပြီးကျန်နေခဲ့မှာ မြင်ယောင်သေးသည်။
သတိပြန်ရလာထဲက ဟျောင်းနဲ့ သေချာနီးနီးကပ်ကပ်မနေရသေး .... အဲ့နေ့ညက သေချာပေါက် ဟျောင်းအသံကြားခဲ့သည်မို့ သေချာလဲမေးချင်သေးသည်။ အကျင့်ပုတ်တဲ့ဟျောင်းက သစ်စိမ်းချိုးချိုးပြီး အနားတောင်မလာ.... အိပ်တာပဲကောင်းတယ်လို့တွေးပြီး မျက်လုံးမှိတ်ကာ နေနေလိုက်သည်။" ဟင်းး "
အနဲငယ်အိပ်ပျော်သွားပြီး နိုးတဝက် အိပ်တဝက်ဖြစ်နဲ့ ပြန်နိုးလာတဲ့အချိန် နောက်ကျောကို လာထိတဲ့နေတဲ့အရာလေးကြောင့် ကျေနပ်စွာ ငြိမ်နေလိုက်သည်။
ဒီအထိအတွေ့လေးက ဟျောင်းကလွဲပြီးဘယ်သူဖြစ်နိုင်အုန်းမှာလဲ လက်ချောင်းလေးတွေနဲ့ ကျတော့်ကျောပြင်ကို ပွတ်သပ်ပေးနေတာတဲ့လေ...... ဟျောင်းရှိတဲ့ဘက်ကိုလှည့်ကာ မျက်နှာချင်းဆိုင်လိုက်တော့ လူလည်လေးဟျောင်းက ချက်ချင်း တစ်ခြားဘက်လှည့်သွားသည်။
ကျတော်ကပဲအလိုက်သိစွာ ဟျောင်းရဲ့အနောက်ကနေသိုင်းဖက်လိုက်တော့ တသိမ့်သိမ့်တုန်နေရှာတဲ့ ကိုယ်ငယ်လေး.... တင်းကြပ်စွာဖက်ထားလိုက်ရင်းမှ ကျတော့်ဘက်ကိုလှည့်စေကာ ရင်ခွင်ထဲထည့်ထားလိုက်တော့ ရင်ထဲမှာမျက်နှာလေးအပ်ကာ ကလေးတစ်ယောက်လိုငိုနေရှာသည်။" အများကြီးပင်ပန်းခဲ့တာလား ဟျောင်း "
" ငါ ...... မင်းသတိမရလာတော့မှာ .... ကြောက်နေခဲ့တာ "
" Miyanae.... ကျတော်အကြာကြီးမေ့နေခဲ့မိလို့ "
" မဟုတ်ပါဘူး .... အခုလိုပြန်ကျန်းမာလာပေးတာပဲ ကျေးဇူးတင်ပါတယ် Kook "