Unicode
အဲ့နေ့ထဲက Yoo Jung က မကြာခနဆိုသလို အိမ်လာတတ်ပြီး ဟျောင်းနဲ့တောင်အနဲငယ်ခင်မင်လာခဲ့သည်။ တွေ့ဖူးသလိုခံစားရပေမယ့် သိပ်မမှတ်မိတာကြောင့် မေ့မေ့ပျောက်ပျောက်ထားလိုက်ကာ ကျတော့်ရဲ့ငယ်သူငယ်ချင်းအနေနဲ့ ကောင်းကောင်းမွန်မွန် ခင်မင်ပေးသည်။
" ဘာပြောတယ် Jeon မင်းဆက်မလုပ်နိုင်တော့ဘူးဟုတ်လား "
" ဟုတ်ကဲ့ ကျတော်မလုပ်နိုင်တော့ဘူးအန်ကယ် "
" ဟက် မင်းကငါ့ကိုခြေစုံကန်ချင်နေပြီပေါ့ "
" အဲ့လိုမဟုတ်ပါဘူးအန်ကယ် ကျတော် သာမန်ဘဝနဲ့ပဲဖြတ်သန်းချင်တော့တယ် "
" အခုလဲသာမန် ဘဝကိုဖြတ်သန်းနေရတာပဲလေ လိုအပ်မှ အလုပ်လုပ်ရတာ မင်းဒီအလုပ်ကိုလုပ်ဖို့အတွက်ပဲ ငါက ပျိုးထောင်ခဲ့တာ မမေ့နဲ့ Jeon "
" ကျတော် ..... ဟျောင်းနဲ့ ရိုးရှင်းတဲ့ဘဝကိုပဲ နေထိုင်ချင်တာပါ အန်ကယ် "
" Park Jimin သိသွားပြီလားမင်းဒီအလုပ်လုပ်တာ သူကတားနေလို့လား မင်းအလုပ်က ငါ့သားကိုပါ ကာကွယ်ပေးဖို့လေ အခုကျမှငါ့သားကိုရတာနဲ့ ငါ့ကိုသစ္စာဖောက်ချင်တာလား"
" မဟုတ်ပါဘူး ကျတော်အသက်နဲ့လဲပြီး ဟျောင်းကိုကာကွယ်မှာပါ ကျန်တာတွေအတွက်တော့ ကျတော်မလုပ်ချင်တော့ဘူး "
" ကောင်းပြီလေ မင်းကိုနောက်ဆုံး Missionပေးမယ် ဖြေရှင်းနိုင်ခဲ့ပြီဆိုရင် မင်းဆန္ဒကိုငါဖြည့်ပေးမယ် "
" Mission ? "
ကျတော် ဝန်လေးမိသည်။ အန်ကယ်ကလွယ်လွယ်နဲ့အလျှော့မပေးသူပီပီ နောက်ဆုံးmissionကိုပေးသည်။ ကျတော် ဒုသမ္မတကိုလုပ်ကြံရမည် ရှင်းရှင်းပြောရင် သတ်ပေးရမည်။ ထိုနေရာကို အန်ကယ်လိုချင်နေတာ ကျတော်အသိဆုံးဖြစ်သည်။ အကြီးမားဆုံးနဲ့နောက်ဆုံးလုပ်ရမည့်အလုပ်ဖြစ်ပြီး တစ်ချက်မှားတာနဲ့ သေသွားနိုင်သည်။ ကျတော်ဘာဆက်လုက်ရမလဲ .. စဉ်းစားချိန်သိပ်မရ နောက်တစ်နေ့မနက်ရောက်တာနဲ့ သေချာတဲ့အဖြေကိုပေးရင်း ညဆိုစပြီးလှုပ်ရှားရတော့မည်