EP 1

47.7K 1.8K 64
                                    

Unicode

Just Love (1)

"PARK JIMIN !!
မိဘမျက်နှာအိုးမဲသုတ်တဲ့အကောင်"

ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကို တော်တော်ကြာမှအိမ်ပြန်လာတဲ့သားအား ကြိုဆိုလက်ဆောင်ပေးလိုက်သည်။

"တော်ပါတော့ ယောင်္ကျားရယ် သားလေးကိုမလုပ်ပါနဲ့တော့ "

ထုံးစံအတိုင်း မကြည့်ရက်တဲ့အမေကတော့ ဝင်ဆွဲရပြန်ပြီပေါ့။ သောက်ရေအိုးဖင်ပေးအေးအေးပဲ ဆိုသလိုမျိုး နှုတ်ခမ်းထောင့်မှသွေးစတို့ကိုလျှာနဲ့တချက်သပ်လိုက်ကာ မထီမဲ့မြင်စိုက်ကြည့်လိုက်ရင်း ဘေးကဖြတ်ကာ အိမ်အပေါ်ထပ်သို့တက်သွားသည်။

"မင်းကြားကနေအမြဲဝင်ပါလို့ အဲ့ကောင်ခုလိုဖြစ်နေတာ"

"တော်ပါတော့ရှင် တော်ပါတော့ သားကိုသူတစ်ယောက်ထဲလွတ်လပ်နေပါစေ"

"အေး နေခိုင်းလိုက် လွတ်လပ်ရုံတင်မက ပုံစံကိုကြည့်စမ်း လမ်းဘေးက ဂလေဂချေလိုပဲ စုပ်ပြတ်သတ်နေတာပဲ ငါတို့အသိုင်းဝိုင်းဂုဏ်ကို နဲနဲမှမထောက်ဘူး"

အိမ်အောက်ထပ်မှ အသိုင်းအဝိုင်းကြီး ဖခင်၏ဒေါသသံများကို ကြားနေရလဲ မကြားသလိုသာ..... အိတ်ကပ်ထဲကနားကြပ်လေးကိုထုတ်ကာ နားနှစ်ဖက်မှာ တပ်ဆင်ရင်း အိပ်ရာပေါ် ဖိနပ်‌ေတာင်မချွတ်ပဲလှဲနေသေးသည်။

**
ညနေတောင်စောင်းသွားပြီလားမသိ အိပ်ချင်သလိုအိပ်လိုက်လို့ အိပ်ရာဖြူဖြူလေးတောင် တွန့်ကြေကာ ဖိနပ်ရာ‌တောင်ပေနေသေးသည်။

"ဒေါက် ဒေါက်"

မေမေအခန်းထဲကိုဝင်လာခြင်းဖြစ်သည်။ မေမေကိုတော့ချစ်သည်။ အရာရာနားလည်ပေးနိုင်သလို ဘာပဲဖြစ်လာလာခွင့်လွှတ်ပေးနေသည်မို့ အားနာစိတ်ဖြစ်ရပြီး ချစ်လဲချစ်ရသည်။ ဒီလိုတွေလုပ်နေရတာ ဘာကြောင့်လဲဆိုတာ မေမေကအသိဆုံးပဲလေ

"သားလေး.."

တော်တော်ကြာ အိမ်ကိုပြန်မလာဖြစ်ပဲ အပြင်မှာပဲသောက်စားပျော်ပါးနေခဲ့ပြီး ငြီးငွေ့မှပြန်လာသည့်သားကို အပြုံးနဲ့ စီးကြိုပြီး နွေးထွေးစွာဖက်ထားပေးလို့ ကျေးဇူးတင်ပါတယ်မေမေ

Just Love (မင်းနဲ့အတူ )Donde viven las historias. Descúbrelo ahora