Unicode
Just Love (7)
မနက်ခင်းအလင်းရောင်ကြောင့် နိုးလာခဲ့တော့ နွေးထွေးမှုကိုခံစားရသည်။ နေမင်းရဲ့အလင်းရောင်ကြောင့်များလား အိပ်ရာပေါ်လူးလိမ့်ရင်း ခပ်နွေးနွေးအရာကို ထိမိခံစားနေရသည်မို့ မျက်လုံးတစ်ဖက်ကိုအားယူဖွင့်ကြည့်မိတော့ ..... ချာတိတ်ရဲ့ သန်မာတဲ့ လက်တံရှည်... လက်ချောင်းများကသွယ်ပြီး ကြွက်သားတွေနဲ့လက်မောင်းက ကြည့်လို့တော့ကောင်းသည် ဒါပေမယ့် အသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် အိပ်ရာမှထလိုက်တော့
" ဟင် ဟျောင်း နိုးပြီလား"
" အင်း "
" ရေအရင်ချိုးလိုက်နော် ကျတော်တို့မနက်စာအတူတူစားရအောင်"
" မင်းကိစ္စမဟုတ်ပါဘူး "
ဆံပင်ပွပွလေးများကို ဖွကာ မျက်ခုံးနှစ်ခုက ကျုံ့၍ နှုတ်ခမ်းလေးကထော်ကာ ပြောသွားသည်။ ဒီလိုအရာလေးတွေကိုမှ ကျတော်ကချစ်မိသည်မလား ရီရင်းသာကျန်နေခဲ့ရသည်ပေါ့
***
" ငါတို့ ဒီမှာခနနေဖို့လုပ်ထားတယ် "
" အဟက် "
ဖေဖေကသိပ်အကြံကြီးတာပဲ .... ကျတော့်ကိုထိချင်တာလား ရတာပေါ့ ခေါင်းပဲနှစ်ချက်လောက်ငြိမ့်ပြလိုက်တယ်
" စားလို့ပြီးပြီ အရင်ထနှင့်ပါ့မယ် "
" ပြန်ထိုင် "
" ကျစ် "
ထမင်းဝိုင်းက ဟျောင်းတို့သားအဖရဲ့ တင်းမာမှုမှာ ကျတော်နဲ့ အန်တီက ဘာလုပ်ရမှန်းမသိ
" မင်းညဘက်တွေ စောစောအိမ်ပြန်လာပါ ဖြစ်နိုင်ရင်မလိုအပ်ပဲ လမ်းသလားနေတာတွေရပ်လိုက် ကလေကချေဆိုတာ ငါတို့အသိုင်းအဝိုင်းမှာမရှိဘူး "
" လိုက်နာရမှာလား "
" PARK JIMIN "
" အဟက် ဟုတ်ပါပြီ ဒီညစောစောပြန်လာခဲ့ပါမယ် "
ခနဲ့ကာပြောသွားရင်းကားသော့ဆွဲကာ ထမင်းဝိုင်းကထထွက်ခဲ့သည်။ ချာတိတ်မျက်နှာကိုတော့ တစ်ချက်လှမ်းကြည့်မိတော့ အဓိပ္ပာယ်မဖော်တတ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်.....ကျတော်နားမလည်ပါ