Unicode
Just Love (8)
" ဟျောင်း "
အခန်းရှိရာကိုဦးတည်သွားနေသည့် ဟျောင်းနောက်ကို လိုက်သွားကာ ဆောင့်ပိတ်လိုက်တဲ့တံခါးကို အားနဲ့ပြန်ဆွဲဖွင့်ပြီး
" ဟျောင်း "
" မင်းဘာကိစ္စ ငါ့နောက်လိုက်နေတာလဲ "
" အဲ့တာအရေးမကြီးပါဘူး ဟျောင်းစောစောက ဘာအချိုးချိုးတာလဲ "
" မင်းကိစ္စမဟုတ်ဘူး "
" ဘာလို့မဟုတ်ရမှာလဲ ကျတော်က ဟျောင်းရဲ့ ခင်ပွန်းပါ "
" မင်းပါးစပ်ကိုပိတ်လိုက်တော့ "
" မပိတ်နိုင်ဘူးဗျာ "
ကျတော်လဲဒေါသထွက်တတ်တယ်.... ကျတော်ဟျောင်းနဲ့ညစာစားချင်လို့ စောင့်နေခဲ့တာ အဲ့မိန်းမဘယ်ကကောင်မလဲ ကျတော့်ရှေ့အဲ့လိုပွတ်သပ်ပြနေတာကို ကျတော့်မှာ ဒေါသကိုမနဲချုပ်ထိန်းထားခဲ့ရတာ..... ဒါပေမယ့်လဲပြောမထွက်ခဲ့ဘူး
" မင်းကိုမင်းဘာထင်နေလဲ ငါစိတ်မကြည်ဘူးသွားတော့ "
" မသွားနိုင်ဘူး ! .... ဟျောင်းကအိမ်ထောင်သည်လေဗျာ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ အဲ့လိုမိန်းမမျိုးကို ခေါ်လာသင့်ရဲ့လား "
" အဟက် ငါ့ကိုငါအိမ်ထောင်သည်လို့ ဘယ်တုန်းကမှမတွေးထားဘူး ပြီးတော့မင်း!.......မင်းလိုချာတိတ်တစ်ယောက်ကို ငါကခင်ပွန်းအနေနဲ့သတ်မှတ်ရအောင် မရူးသေးဘူး "
" ဟုတ်တယ်ကျတော်က ငယ်တယ် ကျောင်းမပြီးသေးဘူး ဒါပေမယ့် ဟျောင်းတစ်ကိုယ်စာကိုတော့ လုံခြုံနွေးထွေးမှုပေးနိုင်တယ် ကျတော်အခုအန်ကယ်အလုပ်မှာဝင်လုပ်နေတယ် အားလုံးကကျတော့်ရဲ့ ဟျောင်းတစ်ယောက်အတွက်ပဲ "
" မင်းဘာသာဖေဖေကကျေးဇူး...... အု "
တော်ပါတော့ ရင့်သီးပြီးကျတော့်အချစ်ကို မမြင်နိုင်တယ့်စကားတွေမကြားပါရစေနဲ့။ ရုန်းပါ ရိုက်ပါ ကြိုက်သလိုလုပ် ကျတော်ကတော့ ရပ်တန့်ပစ်မှာမဟုတ်ဘူး
အားပါတဲ့လက်သီးချက်သေးသေးလေးက ကျတော့်ရင်ဘတ်က တဖုန်းဖုန်းထုရိုက်နေပေမယ့် ကျတော်ကတော့ ဒီနှုတ်ခမ်းရဲ့ချိုမြိန်ခြင်းကို ရပ်မပစ်ချင်..... ချိုမြိန်မှုတွေမှာ မျက်ရည်တွေပါနေတယ် ဘယ်သူလဲ ကျတော်လား ဟျောင်းလား .... သေချာတာတစ်ခုက ကျတော် အရမ်းချစ်တာပဲဗျာ
ဟျောင်းအသက်ရှူဖို့ ဖွဖွလေးလွှတ်ပေးလိုက်တော့ ဘယ်ထဲကစုထားတဲ့အားတွေနဲ့များ ဆောင့်တွန်းရက်တာလဲ