EP 10

14.6K 1K 10
                                    

Unicode

Just Love (10)

ရင်ဘတ်ပေါ်က တစ်စုံတစ်ခုကြောင့် ယားယံလာသည်။ ဘယ်လောက်ဖယ်ဖယ် ဖယ်လို့မရ ။ ခိုးခိုးခစ်ခစ်ရီသံလေးကြားမှ မျက်လုံးဖွင့်ကြည့်လိုက်တော့

" နိုးပြီလား "

ကျတော့်ရဲ့ချစ်လှစွာသောဟျောင်း ကျတော်လက်‌ေမာင်းကိုခေါင်းအုံးအိပ်ရင်း ရင်ဘတ်ပေါ်ကို လက်ချောင်းလေးတွေနဲ့ဆော့နေရှာတယ်..... မနက်ခင်းလေးသာယာသွားဖို့ ဆံပင်ပွပွလေးတွေဖုံးနေတဲ့ နဖူးလေးကို တချက်နမ်းလိုက်ကာ ဆံစလေးများကိုကစားရင်း

" အင်း "

" ဒီနေ့အတန်းရှိလား "

" ဟင့်အင်း ဘာလို့လဲ ဟျောင်းတစ်ခုခုလုပ်ချင်လို့လား "

" ဒီနေ့ငါတို့ဟင်းချက်စားကြမလား "

" Wae? အဒေါ်ကြီးချက်တာမကြိုက်လို့လား "

" Kook ချက်တာစားချင်လို့ "

" ဟင်! Kook ? "

ရင်ခွင်ထဲမှ ခေါင်းလေးငြိမ့်ပြကာ ကျတော့်ကိုမော့ကြည့်လာတယ်။ စောင်ထူထူကြီးအောက်မှာ အဝတ်မဲ့နေတဲ့ဟျောင်းရဲ့တကိုယ်လုံးကို သိမ်းကြုံးဖက်ရင်း မော့ကြည့်နေတဲ့နှုတ်ခမ်းလုံးလေးတွေကို တစိုက်မတ်မတ်စုပ်ယူနေမိတယ်။ လည်တိုင်ကိုပြန်လည်တွယ်ယစ်လာတဲ့လက်ချောင်းလေးများ.......

******

အဒေါ်ကြီးကို ဒီနေ့ခွင့်ပေးလိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ချက်ပြုတ်ဖို့ပြင်ဆင်လိုက်သည်။ အနောက်ကနေ ခါးကိုနူးညံ့စွာ ဖက်ထားလိမ့်မည်ထင်ရာမှ တတ်တတ်စင်အောင်လွဲကာ ကျောပေါ်ပြေးတက်လာတဲ့ဟျောင်းကြောင့် လက်ကခြေထောက်များကြားလျှိုသွင်းပြီးထိန်းလိုက်ရတယ်

" ‌အ! ဟျောင်း "

" Wae? ငါ့ကိုချစ်ရင်ဒီလိုပဲ ကုန်းပိုးထား "

" ဆီတွေစင်မှာစိုးလို့ အသားကြော်ရင် "

" ဘာလဲ မင်းကတစ်ယောက်ထဲ ဆီစင်ချင်တာလား "

" Nae? ဟားဟား ဟျောင်းရယ် ကျတော်ကကိစ္စမရှိ "

" ငါလဲကိစ္စမရှိဘူး ...... ဒီလိုပဲနေနေမှာပဲ "

Just Love (မင်းနဲ့အတူ )Hikayelerin yaşadığı yer. Şimdi keşfedin