Unicode
Just Love (3)
ကျောင်းကနေ ဘတ်စ်နဲ့ပြန်လာခဲ့ရာ အိမ်ရောက်တော့ အိမ်ကမီးလင်းနေသည်မို့ ပျော်မိသည်။ ဝမ်းသာအားရ ဝင်သွားမိတော့ အိမ်အကူအဒေါ်ကြီးနှင့် ဟျောင်းမေမေ သာရှိပြီး ဟျောင်းကတော့ရှိမနေပြန်
" သားလေး ပြန်လာပြီလား အဒေါ်ကြီးကို ညစာပြင်ခိုင်းလိုက်ရမလား "
" မစားသေးပါဘူး အန်တီ ဟျောင်းပြန်လာမှပဲ"
" မင်းဟျောင်းက ညစာရောပုံမှန်စားတတ်လို့လားကွယ် "
အန်တီအပြောကြောင့် သက်ပြင်းလေးခိုးချလိုက်မိသည်။ ဟျောင်းနဲ့ အတူစားရတယ်ဆိုတာမျိုး မရှိသလို တွေ့ရချိန်ကလဲနဲသေးသည်။
" ရှင်....ဟုတ်ကဲ့ပါ ဟုတ်ကဲ့"
ဖုန်းကိုင်ရင်း တဖက်စကားသံကြောင့် စိုးရိမ်စိတ်ဖြစ်သွားပုံပေါ်တဲ့ အန်တီ့မျက်နှာ ကျတော့်ကို တချက်ဝေ့ကြည့်လိုက်ရင်း ဖုန်းပြီးအောင်ပြောကာ ချလိုက်သည်။
"သား မင်းဟျာင်း Bar မှာသောင်းကျန်းနေလို့တဲ့ ထပ်ပြီးပြသနာမကြီးခင် သားသွားခေါ်ခဲ့ပေးပါနော်"
" ကျတော့်ကို ကားသော့ပေးပါလား "
အန်တီ့စကားကြားအပြီး တွေဝေစိတ်တောင်မဖြစ်မိပဲ လွယ်အိတ်ကို ပစ်ချကာ အိမ်ရှေ့သို့ပြေးထွက်ကာ အန်တီကားပေါ်တက်ပြီး မောင်းထွက်လာခဲ့သည်။ အသိုင်းအဝိုင်းကြီးတို့ရဲ့ ရန်ပွဲမှာ တော်ရုံရဲ မပါနိုင်ပေမယ့် ဟျောင်းထိခိုက်နာကြင်မှာစိုးရိမ်သည်။
Bar ရှေ့ရောက်တော့ ဟျောင်းရဲ့ ကားအကောင်းစားကြီးကိုတွေ့ပါပြီ စိတ်အစဉ်က လောနေပြီမို့ အတွင်းထဲသို့ပြေးသွားကာ
" ဟျောင်း ဟျောင်းကော ဟျောင်း"
" ဘာများကူညီပေးရမလဲ ခင်ဗျ "
"ဟျောင်း PARK JIMIN ပါ VVIP ဧည့်သည်ပါ"
စားပွဲထိုးကောင်လေးက အခန်းတစ်ခုကိုညွှန်ပြတာကြောင့် ဝရုန်းသုန်းကား တံခါးကိုဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာ ဟျောင်း....... လက်မှာလဲသွေးတွေနဲ့ မျက်နှာကလဲစုတ်ပြတ်နေတာပဲ တဖက်လူတွေက သုံးယောက်လောက်ရှိသည်။ ဟျောင်းကလူသာသေးပေမယ့် ပြန်ခုခံတတ်သည်။
