Unicode
Just love (6)
အိမ်ပြန်ရောက်လာခဲ့ပေမယ့် မျက်နှာချင်းဆိုင်တွေ့ရဖို့အရမ်းခက်ခဲသည်။ ကျောင်းသွားတဲ့အချိန်ဆို ဟျောင်းကအိမ်မှာရှိပြီး ပြန်လာတဲ့အချိန်မရောက်ခင်အပြင်ထွက်သွားကာ မိုးလင်းမှပြန်လာတတ်သည်။ ဟျောင်းနေကောင်းလား ဘာစားလဲ အခြေအနေဘယ်လိုလဲ စတာတွေကို အဒေါ်ကြီးကနေတစ်ဆင့်အမြဲမေးပြီးမှသိရသည်။
" Hello"
" PARK JIMIN ပါလားခင်ဗျာ "
" ဟုတ်ပါတယ် ဘယ်သူလဲ "
" အွန်းဆောင်း တက္ကသိုလ်ကဆက်တာပါ Jeon Jungkook ရဲ့အုပ်ထိန်းသူအနေနဲ့တွေ့လို့ရနိုင်မလား"
" ဗျာ? အုပ်ထိန်းသူ ? သူ့အမေကသူ့အုပ်ထိန်းသူပါ"
" အော်.....ဒါပေမယ့် ကျောင်းသားက Park Jimin ကိုအုပ်ထိန်းသူနေရာမှာထည့်ထားတယ် "
"ဘယ်လို? "
*****
"ကျောင်းသားက အတန်းပျက်ရက်အရမ်းများနေတယ် အရင်ကစာသေချာလုပ်တယ်ထင်ရပေမယ့် အမှတ်တွေကကျလာတာကြောင့် အလုပ်ခွင်ကောင်းကောင်းထဲရောက်ဖို့ ခက်လိမ့်မယ် အပေါင်းသင်းမှားနေသလိုလဲ သတင်းကြားမိတာကြောင့် အုပ်ထိန်းသူအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြောချင်တာပါ "
"သူ့အမေကိုပြန်ပြောလိုက်ပါ့မယ် "
အားရပါးရပြောပြနေတဲ့ Tutorရဲ့ စကားကို ဒုံးတိဖြတ်ချလိုက်တာကြောင့် စကားဝိုင်းက တစ်ခန်းရပ်သွားခဲ့သည်။
" ဒီက PARK JIMIN ကအုပ်ထိန်းသူမဟုတ်ဘူးလားခင်ဗျ"
"မဟုတ်ပါဘူး"
"ဒီမှာတော့ အုပ်ထိန်းသူနေရာမှာထည့်ထားလို့လေ ဘယ်လိုများပတ်သပ်တာ..."
"ပြောလို့ပြီးပြီဆို ကျေတာ့်ကိုခွင့်ပြုပါအုန်း အော်ဒါနဲ့ ကျောင်းသားက အမှတ်နည်းတာကို အိမ်မှာကျန်ခဲ့တဲ့လူေတွက ဘယ်လိုလုပ်ပေးနိုင်မယ်ထင်လို့လဲ ကျောင်းကဆရာတွေက ပိုကြိုးစားရမှာမဟုတ်ဘူးလား"