" သားလေးရေ မားတို့ လီလီတို့ အိမ်သွားကြရအောင်
သူ့ကလေးလေးကို သွားကြည့်ရအောင် "Yi bo ချောကလတ်ကိတ် စားရင်း
" သားသား ဒါစားပြီးမှ သွားမယ်လေ "" အင်း အင်း စားပြီး သွားကြည့်ရအောင် "
Yi bo ချောကလတ် ကိတ် စားပြီးသွားသောအခါ
ဘေးအိမ်က ကလေးလေးကို ကြည့်ဖို့
အန်တီ လီလီ တို့အိမ် သွားလိုက်သည်။" ဟယ် ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ လီလီရယ် "
မားက ကလေးလေးကို ချီကြည့်ရင်း ပြောလိုက်သည်။
Yi bo ကတော့ မား ကို မျက်စောင်းပိစိလေး
ထိုးလိုက်သည်။" သားသား ညီလေးကို ချီို ကြည့်ပါအုံး ချစ်ဖို့ကောင်းလိုက်တာ "
" မချီတော့ဘူး သားသား မနိုင်ဘူး "
" အင်း မချီကြည့်ရင်လည်း နေပါ
နောက်မှ လက်ထဲက မချနိုင်အောင်
ချစ်သွားမယ် "ဒီတစ်ခါလည်း Yi bo လေး မားကို
မျက်စောင်းပိစိလေး ထိုးလိုက်မိပြန်သည်။" သား Yi bo လေး ဒီမှာ
သကြားလုံးလေး စားလိုက်ပါအုံး "
အန်တီလီလီက သကြားလုံးလေးကို Yi bo ဆီ ပေးသည်။" ဒါကြောင့် Yi bo က
အန်တီ လီလီ ကို ချစ်တာ "
လို့ပြောပြီး အန်တီလီလီ ရဲ့ ပါးလေးကို မွှေးမွှေးပေးလိုက်သည်။" လီလီ ရေ အဲ့ဒါ သကြားပေးလို့ ချစ်နေတာ "
" မဟုတ်ပါဘူး နော် အန်တီ လီလီ
သားသားက မုန့်မကျွေးလည်း
အန်တီလီလီ ကို ချစ်ပြီးသားပါ "" အင်းပါ အင်းပါ Yi bo လေးရယ် "
Yi bo လေး စကားတက်လွန်းတာကြောင့်
မားနဲ့ အန်တီလီလီ တို့ ရယ်နေကြသည်။Yi bo ဘေးနားက ကုတင်ပေါ်မှ ကလေးလေးဆီ
အကြည့်ရောက်သွားသည်။
Yi bo သေချာ ကြည့်လိုက်သောအခါ ကလေးလေးက
အရုပ်လေးလို ချစ်စရာလေး ၊
အသားဖြူဖြူလေးနဲ ပြည့်ပြည့်ဖောင်းဖောင်းလေး ၊Yi bo အသဲယားလွန်းလို့ ကလေးလေးကို
နမ်းပလိုက်သည်။" ဟိုမှာ ကြည့်လီလီ သူ့ညီလေးကို ချစ်နေတာ "
" ဟုတ်ပါ့ ဟုတ်ပါ့ အဲ့လိုလေးတွေ မြင်ရတော့ စိတ်ချမ်းသာတယ်
ဒါနဲ့ Yi bo လေးက ကျောင်းတက်ရတော့မှာလား "
YOU ARE READING
ဝမ်ရိပေါ် ကောကော ( Completed)
Fanfictionကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo