Part ( 5) အဆက်

9.3K 727 16
                                    

Yi bo ရေချိုးရင်း
- ခုခေတ်ကလေးတွေများ မလွယ်ပါလားနော်
လို့ တစ်ယောက်ထဲ ပြောလိုက်မိသည်။

Yi bo ရေချိုးပြီး အဝတ်လဲကာ
အောက်ထပ်သို့ ဆင်းလာလိုက်သည်။
ထို့နောက် ထမင်းစားလိုက်သည်။
မားက TV ကြည့်နေတာမို့
မား ဘေးနားမှာ ထိုင်ကာ TV ကြည့်နေလိုက်သည်။

" မားရဲ့ သားကိုယ်လေးက မွှေးနေတာပဲ လာပါအုံး "
ဆိုပြီး Yi bo ရဲ့ ပါးလေးကို နမ်းလိုက်သည်။

" ခုမှ ရေချိုးပြီးတာကို မားရဲ့ "

Yi bo တို့ သားမိ ၂ ယောက်
TV မှာလာတဲ့ ' Secret of the living dead '
ကားကို ကြည့်နေကြသည်။
( အဲ့ကားလေး မကြည့်ရသေးရင် ကြည့်ကြည့်ပါနော်
တစ်ပိုင်းထဲ အပြီးနဲ့ တကယ်ကောင်းတဲ့ ကားလေးပါ)

" Yi bo ကောရေ...

" အင်း လာလေ "

Xiao Zhan
Yi bo ဘေးနားမှာ ဝင်ထိုင်ရင်း
ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။
Messager မှ အသံများအဆက်မပြတ် မြည်နေသည်။

" အသံတိုးအုံး "

" ဟုတ် ဟုတ် ကော "

" ကိုယ့်အိမ်မှာ ကိုယ်မသုံးဘူး "

" ကောရယ် အိမ်မှာ Wi-Fi မရှိလို့ပါ
ဘေလ်အဆမတန်ကုန်မှာဆိုးလို့...ဟီးးးး "

" ညီအကို ၂ ယောက် ဘာတွေပြောနေကြတာလဲ
တိုးတိုး တိုးတိုး နဲ့ "

" သူ့ကောင်မလေးကို.....

" ဘာမှ မဟုတ်ပါဘူး အန်တီ "

" Xiao Zhan လေးက
ကောင်မလေးတောင် ရနေပြီလား
သား ကောကတော့ အသက်သာ
၂၃ ပြည့်တော့မယ် ခုထိ ကောင်မလေး မရသေးဘူး "

" နောက်တော့ ရမှာပေါ့ အန်တီရယ်
ကောက ငယ်ပါသေးတယ် "

"မားရေ TV ကြည့် မှာလား စကားများမှာလား "

" အင်းအင်း TV ကြည့်ပြီ "

Yi bo တို့ သုံးယောက်ကြား အသံတိတ်သွားကြသည်။
Xiao Zhan ကတော့ ဖုန်းဖြင့်သာ အလုပ်ရှုပ်မြဲ ရှုပ်နေသည်။

ည ၁၁ ကျော်သွားသော်လည်း
Xiao Zhan အိမ်မပြန်ဖြစ်ခဲ့သေး ။

" Xiao Zhan လေး
အိမ်မပြန်တော့နဲ့ လီလီတို့ နှိုးကုန်အုံးမယ်
ဒီမှာပဲ အိပ်သွား "

ဝမ်ရိပေါ် ကောကော ( Completed)Donde viven las historias. Descúbrelo ahora