Xiao Zhan ဒီနေ့ သူတွဲနေတဲ့
ကောင်မလေး တစ်ယောက်ကို ဖြတ်ဖို့
' Happiness ' ဆိုင်မှာ တွေ့မည်လို့
ချိန်းထားသည်။
ထို့ကြောင့် ရေချိုးပြီး အကျီင်္အပြာရောင်ဝတ်ကာ
ဘောင်ဘီ အနက်ရောင် ခြေရှည်လေးဝတ်ပြီး
ချိန်းထားတဲ့ ဆိုင်သို့ ထွက်လာလိုက်သည်။
ဆိုင်ထဲရောက်တော့ မထင်ထားတဲ့ မြင်ကွင်းကို
မြင်လိုက်ရတာကြောင့် အံသြလွန်းလို့ ပါးစပ်ပင်
ဟမိသွားသည်။
ကောင်မလေးက သူ့ရှေ့မှာ ထိုင်နေတဲ့ ကောင်လေးကို
နမ်းနေသည့်မြင်ကွင်း။
သူ ရည်းစားထည်လဲ တွဲခဲ့ဘူးပေမဲ့ လူမြင်ကွင်းမှာတော့
တစ်ခါမှ မနမ်းဘူးတာမို့ အတော်ပင် အံသြနေမိသည်။
ကောင်မလေး နမ်းနေတဲ့ ကောင်လေးနေရာကို ကြည့်လိုက်တော့
" ဟာ... ကော..."
Yi bo
Xiao Zhan အသံ ကြားတာကြောင့်
နောက်သို့ လှည့်ကြည့်လိုက်သည်။
" သြော် Xiao Zhan "
" ကောတို့ ၂ ယောက်က ဘယ်လို ပတ်သက်နေတာလဲ "
" သူငယ်ချင်းတွေလေ "
" သူငယ်ချင်းတွေက မနမ်းဘူး ကော "
Xiao Zhan က အံသြပြီး
ဝမ်းနည်းနေသလို ၊ ဒေါသထွက်နေသလို
မျက်ဝန်းမျိုးဖြင့် Yi bo ကို ကြည့်နေသည်။
Yi bo လည်း ထို အကြည့်ကို နားမလည်။
Yi bo ရီပြီး
" ဟင် ကောတို့က မနမ်းပါဘူး Xiao Zhan ရဲ့ "
" ဒီလောက် မျက်မြင်ကိုယ်တွေ့ ကြီးကို ကောရယ်
ကောမသိရင် လာလိုက်ခဲ့ "
ဆိုပြီး Yi bo ရဲ့ လက်ကို ဆွဲကာ
ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ထို့နောက် ကားပေါ် အတင်းတင်ကာ
သူ့ရဲ့ ကိုယ်ပိုင်အိမ် တစ်တပ်တိုက်လေးဆီသို့
မောင်းလာလိုက်သည်။
Yi bo ကတော့ Xiao Zhan ရဲ့ အပြုအမူတွေကို
နားမလည်တော့ပေ။
တစ်ယောက် ဆိုင်မှာ ထားခဲ့တဲ့အတွက် Pinky ကိုလည်း
အားနာနေမိသည်။
ဘေးနားမှာ ကားမောင်းနေတဲ့ Xiao Zhan ကို ကြည့်တော့ ဒေါသထွက်နေသလိုပင်။
" Xiao Zhan
ကောကို ဘယ်ခေါ်သွားဖို့လဲ
ဒါ အိမ်ပြန်တဲ့လမ်းမဟုတ်ဘူး
ပြီးတော့ Pinky ကိုလည်း....
ESTÁS LEYENDO
ဝမ်ရိပေါ် ကောကော ( Completed)
Fanfictionကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
