Part ( 17 )

6.2K 463 13
                                    

Xiao Zhan
Yi bo ကို လိုက်ပို့ပြီး
အိမ်ပြန်ရောက်သောအခါ...
လုရန် ဆီ ဖုန်းဆက်လိုက်သည်။

" လုရန် ငါ့ကို ကူညီအုံး "

" ဘာကိုလဲ "

" ကောက ငါ့အပေါ် အေးစက်စက်ကြီး "

" ဘယ်လို...ဘယ်လို "

" ကောကကွာ ငါ့ကိုအေးစက်နေသလိုပဲ
ငါကသာ အသဲအသန်လိုက်ကပ်နေသလိုပဲ
အဲ့ဒါမလို့ ငါ ဘာလုပ်ရမလဲ မသိတော့ဘူး "

" သြော် Yi bo ကောက
မင်းကို သဝန်မတိုတက်သေးလို့ နေမယ်
ငါပြောတဲ့အတိုင်းလုပ်လိုက်......"

" အေး ဒါပေမဲ့ အဆင်ပြေပါ့မလားကွာ "

" ပြေမှာပါ ကွာ "

" ကျေးဇူးပဲ လုရန် "

" ရတယ် "

ညနေရောက်သောအခါ...
Xiao Zhan
သူနဲ့ တွဲခဲ့ဘူးတဲ့ ကောင်မလေး
တစ်ယောက်ကို ခေါ်ပြီး
Yi bo တို့ ကုမ္မဏီ သို့ မောင်းလာခဲ့သည်။

///////////////////////////

"Yi bo ရုံးမဆင်းသေးဘူးလား "

" ခုဆင်းတော့မှာ "

" မင်းကလည်း အလုပ်ကြိုးစားလိုက်တာနော်
ကုမ္မဏီ တစ်ခုလုံး မင်းပါးက ပိုင်တာကို
အေးဆေးမနေဘူး "

" သြော် ငါလည်း အရွယ်ရောက်ပြီလေကွာ
တစ်ဖက်တစ်လမ်းက ကူညီရတာပေါ့ "

" အေးအေး ငါတို့ အတူ အောက်ဆင်းရအောင် "

Yi bo အပေါ်ထပ်အကျီင်္လေး ဝတ်ပြီး...

" သွားကြရအောင် "

ကုမ္မဏီ ရှေ့ရောက်တော့
Yi bo
ထယ်ယောင်းကို နှုတ်ဆက်လိုက်ပြီး
Xiao Zhan ကို စောင့်နေလိုက်သည်။

ခနကြာတော့
Xiao Zhan
ကား သူ့ရှေ့ရောက်လာသည်။

Yi bo
Xiao Zhan ဘေးမှု ထိုင်ရန်
ကားတံခါးဖွင့်ဖို့အလုပ်...
အထဲမှ မှန်ချလိုက်တော့ ကောင်မလေး
တစ်ယောက်ထိုင်နေတာကို တွေ့လိုက်သည်။

" Sorry နော် "
လို့ပြောပြီး Yi bo
ကားနောက်ခန်းတွင်သာ ထိုင်လိုက်သည်။

" ကော ဒါ
ကျွန်တော့်ကောင်မလေးလေ "
လို့ပြောရင်း Xiao Zhan
သူ့ဘေးက ကောင်မလေး ခေါင်းလေးကို
ပုတ်ပြီးပြောလိုက်သည်။
ကောင်မလေးကတော့ ရှက်ပြုံးလေး
ပြုံးပြလာသည်။

ဝမ်ရိပေါ် ကောကော ( Completed)Onde histórias criam vida. Descubra agora