မနက် ၅ နာရီ....
" သားရေ သား Yi bo "
အိပ်ခန်းတံခါးကို ခေါက်ရင်း
နှိုး နေတဲ့ မားကြောင့်
Yi bo နှိုးလာတော့သည်။
Yi bo အိပ်မှုန်စဝါးဖြင့်
မျက်လုံးလေးကို ပွတ်သပ်ရင်း...
" ဘာဖြစ်လို့လဲ မား အစောကြီးကို "
" Xiao Zhan နဲ့ ပင်လယ်သွားဖို့ ချိန်းထားတယ်ဆို
ဟိုကလေးတောင် အောက်မှာ ရောက်နေပြီ "
" ဘာ... "
" ဟယ် ကိုယ့်မားကို ဘယ်လိုအော်လိုက်တာလဲ "
" အာ ကန်တော့ ကန်တော့ပါ မားရယ် "
" သွား သွား ရေချိုးပြီး အောက်ထပ် မြန်မြန်ဆင်းလာခဲ့ "
" မဟုတ်ဘူး သား ပင်လယ်ကို သွားဖို့ သူနဲ့မချိန်းထားပါဘူး "
" မချိန်းထားလဲသွား သားက တစ်ခါမှ မနားရသေးဘူးလေ "
" ဟုတ် "
Yi bo ရေချိုး အဝတ်လဲကာ
အောက်ထပ်သို့ ဆင်းလာသည်။
အစိမ်းရောင် အကျီင်္အကြားလေးနဲ့
ဘောင်းဘီ ဒူးကျ အနက်ရောင်လေး
ဝတ်ထားတဲ့ Yi bo ကို
Xiao Zhan အသဲယားနေတော့သည်။
" ဟယ် မားရဲ့ သားလေးက ချစ်ဖို့်ကောင်းလိုက်တာ "
" ချောတာပါ မားရယ် "
" အင်းပါ အင်းပါ
အပေါ်ထပ် အနွေးထည်ယူသွားအုံးလေ "
" ယူပြီးပြီ မား "
" တစ်ပတ်စာ အဝတ်တွေ လောက်အောင်ယူသွားအုံး "
Yi bo မျက်လုံးလေးပြူးကာ...
" တစ်ပတ်..."
" အင်းလေ ကောရဲ့
ကောကို အေးဆေးနားရအောင်လို့ "
" တစ်ပတ်က များလွန်းတယ် အလုပ်တွေလည်...
" Wang Yi Bo... "
" ဗျာ "
" မားရဲ့ အမိန့်ပဲ
တစ်ပတ်နေရမယ် "
Yi bo မငြင်းသာတော့ပဲ
မား ပြန်ထည့်ပေးတဲ့ အဝတ်အိတ်ကို
သယ်ပြီး ကားပေါ်တက်လိုက်တော့သည်။
" မား ကျန်းမာရေးဂရုစိုက်နော် "
" အင်းပါ "
" သားသွားပြီနော် "
///////////////////////////
Xiao Zhan ကားမောင်းရင်း.. .
ВЫ ЧИТАЕТЕ
ဝမ်ရိပေါ် ကောကော ( Completed)
Фанфикшнကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
