" အန်တီရေ..... "
" ဟင် ဘယ်လိုဖြစ်လာကြတာလဲ ဒဏ်ရာတွေကိုယ်စီနဲ့ "
Xiao Zhan
Yi bo ကို ခုံပေါ်မှာ တင်ပေးပြီး
" နောက်မှ သား ရှင်းပြမယ်ပါမယ်
ခုတော့ ကော ကို ဆေးလိမ်းပေးရအောင်နော်
ဒါမှ မဟုတ် ဆေးခန်းသွားကြမလား "
" ဆေးခန်း မသွားတော့ဘူး
ဆရာဝန်ပဲခေါ်လိုက်တော့မယ် သားရေ "
" ဟုတ် ဟုတ် "
" သားမှာလဲ ဒဏ်ရာတွေနဲ့ တစ်ခါထဲ
ဆရာဝန်လာရင် ပြလိုက်နော် "
" ရပါတယ် အန်တီ
သား ဒဏ်ရာက ကောလောက်မများပါဘူး "
" လူကြီးစကားကို နားထောင် သား Xiao Zhan"
" ဟုတ် "
Yi bo ရဲ့ မားက
Yi bo ကို အဝတ်ဖြူလေးကို ရေစွတ်ပြီး
ရေပတ်တိုက်ပေးနေသည်။
ထို့နောက် Xiao Zhan ကို ပါ ရေပတ်တိုက်ပေးသည်။
//////////////////////////////////
ဆရာဝန်ရောက်လာပြီး
Yi bo ကို အရင် ဆေးထည့်ပေးနေသည်။
Xiao Zhan ကတော့ ကုတင်ပေါ်က
Yi bo ကို ငေးကြည့်နေသည်။
" ဦး ဆေးထိုးမယ်နော် Yi bo "
" ဆေးမထိုးလို့ မရဘူးလားဟင်
Yi bo သောက်ဆေးကို ပုံမှန်သောက်မယ်လေ "
" မရဘူး Yi bo
အဖျားဝင်မှာဆိုးလို့ ဆေးပါ ထိုးရမယ် "
" ဟင့်... မားရေ သားဆေးမထိုးချင်ဘူး "
" သားလေးရယ် ခနပါပဲ
ပုရွတ်ဆိတ် ကိုက်သလောက်ပဲ နာမှာပါ "
" Xiao Zhan.... ရေ "
" ဆေးထိုးလိုက်ပါ ကောကောရယ် "
Yi bo ဘယ်သူ့ကိုမှ အကူညီ တောင်းလို့မရမှန်းသိတာကြောင့်
မျက်လုံးသာမှိတ်ထားလိုက်သည်။
ဆရာဝန်က ဆေးထိုးပြီး ပြန်သွားပြီ။
Yi bo ကတော့ ဆေးထိုးတာ ကြောက်လွန်းလို့
ငိုပြီး အိပ်သွားသည်။
Yi bo အိပ်သွားတာကြောင့်
Xiao Zhan လည်း အိမ်ပြန်ဖို့
Yi bo ရဲ့ မားကို နှုတ်ဆက်လိုက်သည်။
" အန်တီ သားပြန်ပြီနော် "
" အင်း အင်း သားရေ
ဆရာဝန်ပေးတဲ့ ဆေး သောက်အိပ်အုံးနော် "
BẠN ĐANG ĐỌC
ဝမ်ရိပေါ် ကောကော ( Completed)
Fanfictionကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
