" အကုန် အဆင်သင့်ပြင်ထားကြ
" ဟုတ် မမလေး "
" ကလေးလေး တစ်ယောက်ကို
မုန့်ဖိုးပေးပြီးခေါ်လိုက် ၊
ပြီးရင် Xiao Zhan က ပေးလိုက်တာပါဆိုပြီး
Yi bo ကို ဒီ green tea ဗူး ပေးခိုင်းလိုက် "
" ဟုတ် မမလေး "
"သေချာ လုပ်ကြနော် "
ရှင်းလီ ဂိုထောင်ဟောင်း တစ်ခုထဲမှာ
Yi bo ကို ခေါ်လာမည့်အချိန်ကို ထိုင်စောင့်နေသည်။
///////////////////////////////
Yi bo အလုပ်တွေ ပြီးသွားပြီမို့
အိမ်ပြန်ရန် ကားပါကင်သို့ ဆင်းလာသည်။
" ကောကော "
" ကောကို သိလို့လား ကလေး "
" မသိပါဘူးဗျ ဒါပေမဲ့
Xiao Zhan ဆိုတဲ့ကောက
ကောကောကို ဒီ ဗူးလေး ပေးခိုင်းလိုက်လို့ "
ဆိုပြီး green tea ဗူးလေးကို Yi bo ကို
ပေးလိုက်သည်။
" သြော် ကျေးဇူးပဲနော် ကလေး "
" ပြီးတော့ ခုသောက်လိုက်ပါတဲ့ အမောပြေအောင်"
" ဟုတ်ပါပြီ "
" သား သွားတော့မယ်နော် "
" အင်း အင်း "
Yi bo လည်း Green tea ကို
သောက်လိုက်သည်။
သောက်ပြီး ကားတံခါးဖွင့်ဖို့အလုပ်
ခေါင်းတွေ အရမ်းမူးလာပြီး ကားထဲတောင်ရောက်သေး
လဲကျသွားတော့သည်။ ဝန်ထမ်းတွေ အလုပ်ဆင်းချိန်ထက် သူက အမြဲနောက်ကျပြီးမှ အလုပ်နားတာကြောင့်
လူများလည်း မရှိတော့ပေ။
အနားမှာ ရှိတဲ့ ကားထဲမှ လူများထွက်လာကြပြီး
" ဟေ့ကောင်တွေ သူ့ကို သယ်လာကြတော့ "
" ဟုတ် "
ခန္ဓာကိုယ် တောင့်တင်းပြီး ၊ အသားညိုညိုနဲ့
လူ ၅ ယောက်က မေ့လဲနေတဲ့ Yi bo ကို သယ်ပြီး
ကားမောင်းထွက်သွားကြသည်။
Pinky
Yi bo ဆီလာတော့ လမ်းမှာ Jum နဲ့တွေ့ပြီး
Jum ကိုပါ တစ်ခါထဲ Yi bo ဆီ ခေါ်လာလိုက်သည်။
Yi bo တို့ ကုမ္မဏီ ရှေ့ရောက်သောအခါ
သူတို့ကားရှေ့မှ မူမမှန်ပဲ အတင်းမောင်းသွားတဲ့
ကားကြောင့် Pinky တို့ Yi bo ကို စိုးရိမ်သွားသည်။
ВЫ ЧИТАЕТЕ
ဝမ်ရိပေါ် ကောကော ( Completed)
Фанфикшнကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
