Part ( 21)

5.9K 408 7
                                    

*ဘဝမှာ အခက်အခဲတွေ
နာကျင်မှုတွေ ကြုံလာရင်​တောင်
မင်းရှိတယ်ဆိုတဲ့ အသိနဲ့တင်
လုံလောက်တဲ့ အားအင်ဖြစ်တယ်
ချစ်တယ်....

/////////////////////////////////

ညနေ ရောက်သောအခါ...

Xiao Zhan နဲ့ Yi bo က တစ်တွဲ
Jum နဲ့ Pinky တို့က တစ်တွဲ ကမ်းစပ်သို့
လမ်းလျှောက်ထွက်လာကြသည်။

Xiao Zhan သူ့ရှေ့က
ပါးဖောင်းလေးကို ဖျပ်ကနဲ
နမ်းလိုက်သည်။

" Xiao Zhan...
လူတွေနဲ့ ကို "

" ဘယ်သူမှ မမြင်ပါဘူး "

လူတွေက သူ့အာရုံနဲ့ အာရုံနဲ့မို့
သူတို့ကို သတိမထားကြပေမဲ့...
သူတို့ကို ဓာတ်ပုံရိုက်လိုက်တာကို တော့ မသိလိုက်ကြ.....

တစ်ပတ်ကြာသောအခါ....

Xiao Zhan နဲ့ Yi bo တို့
အိမ်သို့ပြန်လာကြသည်။
Jum နှင့် Pinky တို့ကတော့
ကျန်ခဲ့ကြသေးသည်။

Yi bo အိမ်ပြန်ရောက်တော့...
ဧည့်ခန်းမှာ မျက်နှာတည်ပြီး ထိုင်နေတဲ့
ပါးကြောင့် Yi bo နည်းနည်းတော့
ကြောက်နေမိသည်။

" Wang Yi bo ဒီမှာ လာထိုင်ပါအုံး
တော်တော်မှ ပျော်ခဲ့ရဲ့လား "

အေးစက်ပြီး ခနဲ့ပြီး ပြောတဲ့ပါးကြောင့်
Yi bo ဘာမှ မပြောပဲ ပါးဘေးနားမှာ ထိုင်လိုက်သည်။

" Wang Yi bo မင်းက ငါမေးတာကို
ဘာလို့ပြန်မဖြေတာလဲ "

" ပျော်ခဲ့ပါတယ် ပါး "

" ငါက ယောကျာ်းလေးမွေးခဲ့တာပါနော် Yi bo "

" ဟုတ် "

" မင်း ယောကျာ်း ဟုတ်တယ်မလား
ယောကျာ်းလေးဆို ဘာလို့ ဒီလိုပုံတွေ ထွက်လာတာလဲ "
ဆိုပြီး ကမ်းစပ်မှာ Xiao Zhan သူ့ကို နမ်းလိုက်တဲ့ပုံကို
ရှေ့ချပြလိုက်သည်။

" ဟင်"

" မင်းကွာ....မင်း ကတော့ ငါ့ကို ပတ်ဝန်းကျင်မှာ
မျက်နှာမပြရဲအောင်လုပ်နေတာ.. မင်း "

" ပါးက အမှားလုပ်ထားတဲ့သူမှ မဟုတ်တာပဲ "

" သားသမီးမကောင်း မိဘခေါင်းကွ"

" သားက ဘာမကောင်းတာမှ လုပ်ထားတာမဟုတ်ဘူး "

" ဘာ မင်း ငါ့ကို ဘယ်သူ့အားကိုးနဲ့
ပြန်ပြောတာလဲ... အရင်ကဆို
ပြန်မပြောတဲ့ ကလေးက
ခု ဟိုကောင်လေးကြောင့် ပြန်ခံပြောနေပြီပေါ့ Yi bo "

ဝမ်ရိပေါ် ကောကော ( Completed)Opowieści tętniące życiem. Odkryj je teraz