ဆရာဝန်မှ တိုက်ရမဲ့ဆေးတွေ ပေးပြီးပြန်သွားသည်။
အန်တီလီလီတို့က Xiao Zhan လေးကို
ဆေးတိုက်ပြီး သိပ်ထားလိုက်သည်။
မနက်ရောက်တော့ Xiao Zhan
ချောင်းဆိုး ပျောက်သွားသည်။
Yi bo ကျောင်းဆင်းတိုင်း
Xiao Zhan အိမ်သွားပြီး
အမြဲတမ်းလိုလို ကျောင်းက သင်ပေးလိုက်တဲ့ ကဗျာတွေကို
Xiao Zhanကို ပြန်ဆိုပြလေ့ရှိသည်။
ကျောင်းက သူငယ်ချင်းတွေ အကြောင်းကိုလည်း
ပြန်ပြောပြသည်။
ပြီးတော့ ပါးလေးတွေကို နမ်းကာ အိမ်ပြန်လေ့ရှိသည်။
အချိန်တွေ ကြာသောအခါ....
Yi bo 10 တန်း
Xiao Zhan 5 တန်းသို့ ရောက်ခဲ့ပြီ.......
" Yi bo ရေ Xiao Zhan လေးကို
တစ်ခါထဲ ခေါ်သွားလိုက်နော် "
" မား မပြောလဲ နေ့တိုင်းခေါ်သွားနေရတာပဲလေ "
" အင်းပါ Xiao Zhanလေးက
သားကို တော်တော်လေးခင်ပါတယ် သားရယ် "
" ဟုတ် အဲ့ဒါတော့ သားလည်း
သိပါတယ် သွားပြီ မားရေ
တာ့...တာ့...
" စက်ဘီး ဖြေးဖြေးနင်းနော် "
" ဟုတ် "
Yi bo
Xiao Zhan ကို သွားခေါ်လိုက်သည်။
" Xiao Zhan ရေ အဆင်သင့်ဖြစ်ပြီလား "
" ခနလေးပါကောကောရယ် ခေါင်းလေးဖီးနေလို့ "
" ကျောင်းသွားတက်မှာလား
ရိုးသွားပြဖို့လား "
" 2 ခုစလုံး "
" အန်တီလီလီရေ အန်တီ့သားလေး
အတက်ကောင်းတွေ တက်နေတယ်ဗျို့ "
အိမ်သန့်ရှင်းရေး လုပ်နေတဲ့အန်တီလီလီမှ
" အဲ့လိုသာဆိုရင် တွေ့တဲ့နေရာမှာ
တုတ်နဲ့သာ ရိုက်လိုက် Yi bo ရေ "
" ဟုတ် ဟုတ် "
Yi bo ရီပြီး ပြောလိုက်သည်။
" သားတို့ သွားပြီနော်မား "
Xiao Zhan မားကို နှုတ်ဆက်လိုက်ပြီး
Yi bo ရဲ့ စက်ဘီးနောက်မှာ ထိုင်လိုက်တော့သည်။
" နင်းတော့ ကောကော "
" ဟုတ်ကဲ့ပါဗျာ "
Yi bo နဲ့ Xiao Zhan တို့ ကျောင်းရောက်ပြီး
ကိုယ်တက်ရမဲ့ အခန်းသို့ သွားကြသည်။
နေ့ခင်း ကျောင်းဆင်းချိန်ရောက်သောအခါ
Xiao Zhan
Yi bo တို့ အခန်းသို့ လာသည်။
ВЫ ЧИТАЕТЕ
ဝမ်ရိပေါ် ကောကော ( Completed)
Фанфикшнကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
