Yi bo
Xiao Zhan ကို အမြဲ အခန်းစောင့်ပေးနေသည်။
အန်တီ လီလီ( Xiao Zhan ရဲ့မား) က
ပြန်ပြီး နားဖို့ ပြောပေမဲ့လည်း Yi bo မပြန်ခဲ့ပါ။Xiao Zhan နှိုးလာရင် အကုန်လုံး အရင်ကလို
လူကောင်းပကတိ ဖြစ်ပါစေလို့လည်း ဆုတောင်းနေသည်။
Yi bo ရဲ့ မားနဲ့ ပါးလည်း ဆေးရုံသို့လာပြီး
Xiao Zhan ကို လာကြည့်ကြသည်။///////////////////////////
( ၂) ရက်ကြာသောအခါ...Yi bo
Xiao Zhan ရဲ့ လက်သွယ်သွယ်လေးတွေကို
ကိုင်ကာ ကုတင်ဘေးနားက ခုံလေးမှာ အိပ်ပျော်နေသည်။Xiao Zhan နှိုးလာတော့ သူ့လက်ကို
ကိုင်ပြီး အိပ်ပြောနေတဲ့ ကောင်လေးကိုကြည့်ကာ
အံသြနေသည်။
ပါးဖောင်လေးတွေနဲ့ မျက်တောင်စင်းစင်း
လေးတွေကို တွေ့တော့ ရင်းနှီးနေတယ်လို့ ခံစားရပေမဲ့
ဘယ်သူလဲလို့တော့ သူမသိပါ...။
သူလက်ကို ကိုင်ထားတဲ့ လက်ကလေးတွေကိုတော့
Xiao Zhan မလွှတ်ခဲ့ပေ။ခနကြာတော့ သူ့ရှေ့က ကောင်လေးနှိုးလာခဲ့ပြီး
သူ့ကို မြင်တော့ အံသြနေတဲ့ မျက်လုံးလေးတွေဖြင့်
ကြည့်ကာ ဝမ်းသာ အရဖြင့် လူကို အင့်ကနဲ မြည်အောင်
လာဖက်တာကြောင့်
Xiao Zhan အံသြ သွားသည်။" သတိရပြီလား Xiao Zhan...
ကော ဝမ်းသာလိုက်တာ "Xiao Zhan ၏ စိတ်ထဲတွင်တော့
- လူကြည့်တော့ ပိစိကွေးသေးလေး
ပြောတော့ သူ့ကိုယ်သူ ကောတဲ့...
ရုပ်ကလေးကတော့ ချစ်ဖို့ကောင်းသား ..." ကျွန်တော့်ထက် ကြီးတာလား "
" ဟင် ကောကို မေ့သွားတာလား "
Yi bo ဝမ်းနည်းသွားသည်။
- ကောကို မေ့သွားပြီတဲ့လား Xiao Zhan ရယ်Yi bo ရဲ့ ဝမ်းနည်းသွားတဲ့
မျက်နှာလေး ကို မြင်တော့ Xiao Zhan
လည်း စိတ်မကောင်း။" ဟို ကျွန်တော် တောင်းပန် ....
" အပြင်ခန သွားလိုက်အုံးမယ် "
" အင်း "
Yi bo သန့်စင်ခန်းကို သွားကာ
အသံတိတ် ငိုကြွေးနေသည်။
- ကောကို မေ့သွားရအောင်
ကောက အရမ်းမုန်းဖို့ကောင်းတဲ့သူလား Xiao Zhan.../////////////////////////////////
ခုနက သူ့ကိုသူ ကောလို့ ပြောတဲ့သူ
ထွက်သွားပြီး မကြာခင်မှာပဲ
မားတို့ ဝင်လာကြသည်။
VOCÊ ESTÁ LENDO
ဝမ်ရိပေါ် ကောကော ( Completed)
Fanficကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo