ရှင်းလီ အိတ်ထဲက သေနတ် ကို ထုတ်ကာ
Yi bo ရဲ့ ရှေ့ မလှမ်းမကမ်းတွက် ရပ်လိုက်သည်။
" မကြောက်ပါနဲ့ Yi bo ကော...
ညှင်ညှင်သာသာလေး ပါပဲ "
" မင်းလုပ်ရပ်ကို မင်းသိလား ကောင်မလေး
မင်းနဲ့ Xiao Zhan နဲ့ ပြသာနာရှိရင်လည်း
Xiao Zhan နဲ့ ဖြေရှင်းပါလား "
" ဟား... ရှင်းလီကလေ
လိုချင်တာကို ရအောင်ယူတက်သလို
လုပ်ချင်တာရှိရင်လဲ မရရအောင်လုပ်တက်တယ်
Xiao Zhan ရဲ့ အားနည်းချက်က ရှင်လေ
အဲ့ဒါမလို့ ရှင့်ကို ဆုံးရှုံးရမှ သူနဲ့တွဲခဲ့တဲ့ မိန်းကလေးတွေရဲ့
ခံစားချက်ကို သူသိလိမ့်မယ် "
စကားအရှည်ကြီး ပြောကာ မောသွားဟန်ဖြင့်
ခုံပေါ်က အအေးကို သောက်လိုက်သော
ရှင်းလီကို ကြည့်ပြီး
Yi bo ခေါင်းခါ လိုက်သည်။
" မင်း တရားဥပဒေကို မကြောက်ဘူးလား "
ရှင်းလီ လက်ညိုးနဲ့ လက်မကို အသုံးပြုပြီး
ဝိုင်းပြလိုက်သည်။ သူပြောတာက ငွေရှိရင် ရတယ်တယ်ဆိုတဲ့ သဘောဖြင့်.....
" ရှင့်ရဲ့ နောက်ဆုံးအချိန်မှာ
ဘာပြောခဲ့ချင်လည်း Wang Yi bo "
Yi bo
ရှင်းလီ ဆီက နောက်ဆုံးအချိန်လို့ ပြောသံကြောင့်
တုန်လှုပ်သွားသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာလား
ဆိုပြီးလည်း ဝမ်းနည်းမိသည်။ မားတို့ကိုလည်း ကျေးဇူးမဆပ်ရသေး ၊ မိန်းမလည်း မယူရသေးတာကြောင့်
Yi bo မသေချင်သေး ပါ ။
Yi bo
သူ့ထက်ငယ်တဲ့ ကောင်မလေးကို
မသတ်ပါနဲ့ တောင်းပန်ပါတယ်လို့
မပြောချင် ။ စိတ်ထဲမှာ ကြောက်ပေမဲ့လည်း
တည်ငြိမ်စွာပဲ
" သေ တစ်နေ့ မွေး တစ်နေ့ပဲလေ
မင်းသတ်ချင်ရင် သတ်ပေါ့ အချိန်တန်သေရမှာပဲ...
ဒါပေမဲ့ မင်းကို Xiao Zhan က ပြန်ချစ်လာမှာ
မဟုတ်ဘူး "
" ရှင်းလီဆိုတဲ့ သူကလေ
ကိုယ်လွင့်ပစ်လိုက်တဲ့ အရာကို ဘယ်တော့မှ
ပြန်မယူဘူး "
" အဲ့ဒါဆိုလဲ ဘာလို့အဲ့လိုတွေလုပ်နေတာလဲ "
Yi bo ဒေါသထွက်သွားသည်။ ဒီကောင်မလေး
ဘာကြောင့် ဒီလိုတွေ လုပ်နေတာလဲ နားမလည်တော့ ။
" သူ့ကို မုန်းလို့လေ..."
ရှင်းလီ သေနတ် ကို မောင်းဆွဲပြီး
Yi bo ရင်ဝ ကို ချိန်လိုက်သည်...
ВЫ ЧИТАЕТЕ
ဝမ်ရိပေါ် ကောကော ( Completed)
Фанфикшнကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
