" အခန်းက အကျယ်ကြီးပဲ "
လို့ ပြောပြီး Yi bo
ကုတင်ပေါ် တက်ပြီး လှဲချလိုက်သည်။
" ကောကို နေ့လယ်စာ စားရင်
နှိုးလိုက် ကော အိပ်ရေးမဝသေးလို့ "
" ဟုတ် "
Yi bo
စောင် ခြုံပြီး အိပ်သွားတော့သည်။
Xiao Zhan ကတော့ အဝတ်အိတ်တွေကို
နေရာ ချနေသည်။
ထို့နောက် ရေချိုးလိုက်သည်။
ပြီးတော့ Yi bo ဘေးနားမှာ ဝင်လှဲကာ
ဖုန်းသုံးနေလိုက်သည်။
Yi bo အိပ်နေရင်း...
Xiao Zhan ဘက် လှည့်လာသည်။
ဆူပုတ်ပုတ်လေးနဲ့ အိပ်နေတဲ့
Yi bo ကို Xiao Zhan
ဓာတ်ပုံ ရိုက်ပြီး
Wallpaper ပေါ်မှာ ထားလိုက်သည်။
ခနကြာတော့ သူလည်း အိပ်ပျော်သွားတော့သည်။
Yi bo နှိုးလာတော့ သူ့ဘေးနားမှာ
ဖုန်းကိုကိုင်ထားလျက်နဲ့
အိပ်ပျော်နေတဲ့ Xiao Zhan ကို တွေ့တာကြောင့်
ဖုန်းကို လက်ထဲက ယူပြီး ဘေးက ခုံလေးပေါ်သို့
တင်ပေးလိုက်သည်။
ဖုန်းရဲ့ screen ကို ထိမိတာကြောင့်
Wallpaper က သူ့ပုံလေးပေါ်လာသည်။...
" ငါ့ပုံပါလား...
အိပ်နေတာတောင် ချောနေတဲ့ငါပါလားနော် ...
ဒီကောင်လေး ငါ့ပုံကို Wallpaper ထားတာပဲ..."
Yi bo လည်း ဖုန်းကို ပြန်ချပြီး...
ရေချိုးခန်းသို့ ဝင်ကာ ရေချိုးလိုက်သည်။
ရေချိုးပြီး ပြန်ထွက်လာတော့...
သူ့ကို မျက်လုံးပြူးပြီး ကြည့်နေတဲ့
Xiao Zhan ကို တွေ့လိုက်ရသည်။
" Xiao Zhan..."
" ..."
"Xiao Zhan ဘာတွေ ထူးဆန်းလို့ ကြည့်နေတာလဲ"
" အာ မထူး..ဆန်းပါဘူး...
ကျွန်တော် အပြင်ခန သွားလိုက်အုံးမယ်နော် "
အမှန်တော့ အပေါ်ပိုင်းဗလာနဲ့ ခါးဝတ်သဘတ်လေးသာ
ဝတ်ထားတဲ့ Yi bo ကို မြင်တော့
ရင်ထဲ ခလုခလု ဖြစ်တာကြောင့် အပြင်ကို အမြန်ထွက်ရတော့သည်။
မဟုတ်ရင် သူ တစ်ခုခုလုပ်မိမှ ကော စိတ်ဆိုးသွားရင်
ဒုက္ခ....
Yi bo အကျီင်္လဲပြီး အခန်းပြင်သို့ ထွက်လာလိုက်သည်။
TV ရှေ့မှာ ရမု တစ်ခုနဲ့ Xiao Zhan ကို မြင်တော့...
" Xiao Zhan...
ကောတို့ နေ့လယ်စာ သွားစားကြရအောင်လေ
မနက်ထဲက ဘာမှ မစားရသေးဘူး "
KAMU SEDANG MEMBACA
ဝမ်ရိပေါ် ကောကော ( Completed)
Fiksi Penggemarကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
