Part ( 5 )

9.8K 746 3
                                    

မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့
Yi bo
Xiao Zhan တို့အိမ်သွားသည်။

" အန်တီ လီလီရေ.....

မီးဖိုချောင်တွင် မနက်စာ ပြင်နေတဲ့ အန်တီလီလီက

" သား Yi bo ပါလား ....
စာမေးပွဲအောင်တယ်ဆို "

" ဟုတ် အန်တီ Xiao Zhan ရော "

" သား ညီလေးက အိပ်နေတယ်လေ
ခုထိမထသေးဘူး "

" ဒါဆို သားသွားနှိုးလိုက်အုံးမယ်နော် "

" အေး အေး သားရေ "

////////////////////////////////

" Xiao Zhan ရေ
Xiao Zhan လေးရေ......

သူ နှိုးတာ တုပ်တုပ်မှ မလှုပ်တာကြောင့်
သူ့ကို စိတ်ကောင်နေတယ်ဆိုတာ Yi bo
သိလိုက်ပြီ ။

" ကောနဲ့ မုန်တွေ လျှောက်စားမယ်နော်
ပြီးတော့ ကစားကွင်းလည်း လိုက်ပို့ပေးမယ်လေ
ကောကို စိတ်မဆိုးတော့နဲ့နော် "

Yi bo ရှေ့မှာ ကွေးကွေးလေးအိပ်နေတဲ့ကောင်လေးကို
ပခုံးလေး လှုပ်နှိုးနေသည်။

" ထတော့နော်
မထရင် ကော ပြန်တော့မှာ "
ထိုသို့ ပြောလိုက်မှပဲ ရှေ့က ကောင်လေးမှ

" သူကပဲ စိတ်မကောင်းဖြစ်အောင်လုပ်သေးတယ်
ခု သူကပဲ စိတ်ကောက်တော့မယ်တဲ့ တရားလိုက်တာ "

Xiao Zhan စောင်ပုံထဲမှ မျက်နှာရှုံ့ပြီးပြောလိုက်သည်။

" ဘယ်သူက စိတ်ကောက်နေလို့လဲ "

" ကောပဲ စိတ်ကောက်ပြီး ပြန်တော့မယ်လို့ ပြောတာမလား "

" ဟာ မဟုတ်ပါဘူး Xiao Zhan လေးရယ်
သွား ရေးချိုးပြီး အကျီင်္လဲလာခဲ့ ကော အောက်မှာ စောင့်နေမယ် "

" မလိုက်ဘူး သားက သူငယ်ချင်းတွေနဲ့ လျှောက်သွားမှာ "

Yi bo
Xiao Zhan ရဲ့ ပါးလေးတွေကို ညှစ်ရင်း
" ကော တောင်းပန်ပါတယ်နော် Xiao Zhan လေးရယ်
ကော က အပျော်လွန်သွားလို့ပါနော် "

" အင်း အင်း ပါးတွေ မညှစ်တော့နဲ့ "

"Xiao Zhan လေးက လိမ္မာလိုက်တာ "
လို့ပြောပြီး ပါးလေးတွေကို ညှစ်လိုက်ပြန်သည်။

//////////////////////////////////

Yi bo နဲ့ Xiao Zhan တို့
မြို့ထဲက မုန့်ဆိုင်တွေမှာ
မုန့်လျှောက်စားကြသည်။
ကစားကွင်းသွားကြပြီး
အတူ လည်း ကစားကြသည်။

ဝမ်ရိပေါ် ကောကော ( Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ