Yi bo ကို အိမ်ထဲမှာပဲ
နေခိုင်းပြီး Xiao Zhan နဲ့ မတွေ့ခိုင်းပေမဲ့
ဖုန်းတော့ ပေးသုံးသည်။
ပါး ကုမ္မဏီ သို့ သွားစဉ်တွင်...
Yi bo
Xiao Zhan ကို ဖုန်းဆက်လိုက်သည်။" Xiao Zhan... "
" ဟဲလို ကော...
ကော အဆင်ပြေရဲ့လား...
နေကောင်းရဲ့လား...
ကောကို ဦး ရိုက်ပြီး ဆုံးမသေးလား...
ကော..."" ကော အဆင်ပြေပါတယ်
ပါးက ရိုက်ပြီး မဆုံးမပါဘူး
ဒါပေမဲ့... "" ဒါပေမဲ့ ဘာဖြစ်လဲ ကော
ဘာဖြစ်လို့လဲ "" ကောကို မင်္ဂလာဆောင်ပေးတော့မယ်တဲ့ "
" ဟင် ဘယ်သူနဲ့လဲ "
" မသိသေးဘုး ကော ပါးရဲ့
သူငယ်ချင်းသမီးလို့ ပြောတာပဲ "" ဘယ်တော့ မင်္ဂလာဆောင်ရမှာလဲကော "
" နောက် ၄ ရက်လောက်တဲ့ "
" သြော်....
ကော အကျီင်္တွေ ဆေးတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေနဲ့
မှတ်ပုံတင်တွေကို အဝတ်အိတ်ထဲ ထည့်ထားနော် "" ဘာလုပ်ဖို့လဲ...မဟုတ်မှလွဲရော"
" ဟုတ်တယ် ကော
မဟုတ်ရင် ဝေးသွားရလိမ့်မယ် ကော "" အင်း ကော ပြင်ဆင်ထားလိုက်မယ်...
ဘယ်တော့ လာခေါ်မလဲ "" နက်ဖြန် မနက် ၁ နာရီ "
" အင်း အင်း "
- ငါ့ရဲ့ ရွေးချယ်မှုက အမြဲတမ်း မင်းပဲ Xiao Zhan...
//////////////////////////////
နောက်တစ်နေ့ ရောက်တော့...
မနက်မိုးလင်းတာနဲ့ Yi bo မားတို့ကို
အိမ်အလုပ်တွေ ကူလုပ်ပေးနေသည်။
ပါးနဲ့ အဆင်မပြေသေးပေမဲ့လည်း
ပါးရဲ့ ကားကို ကိုယ်တိုင်ဆေးပေးသည်။Jum နဲ့လည်း ဖုန်းတွေ အကြာကြီးပြောလိုက်သည်။
အချိန်တွေ တဖြည်းဖြည်း ကုန်လာပြီး...
မနက် ၁ နာရီ သို့ ရောက်လာခဲ့ပြီ....
Yi bo လည်း အိမ်ထဲကနေ တိတ်တဆိတ်
ခြေသံမထွက်အောင် တံခါးသံ မထွက်အောင်
ဖြေးဖြေးချင်း...ဖြေးဖြေးချင်း အောက်သို့ ဆင်းလာခဲ့သည်။တစ်အိမ်လုံးကလည်း အိပ်ပျော်နေတော့
နည်းနည်းသက်သာသည်။
ိတစ်အိမ်လုံး အိပ်ပျော်အောင်လည်း
သူ တစ်အိမ်လုံးစားမယ့် ဟင်းထဲသို့ အိပ်ဆေးခတ်လိုက်တာကြောင့် ဖြစ်သည်။
ESTÁS LEYENDO
ဝမ်ရိပေါ် ကောကော ( Completed)
Fanficကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo