" Yi bo လေးရေ ကျောင်းသွားကြရအောင် "
" လာပြီ မားရေ လာပြီ "
" သား ညီလေးကိုလည်း သွားနှုတ်ဆက်လိုက်ပါအုံး "
" ဟုတ် မား "
Yi bo လည်း Xiao Zhan တို့အိမ်သွားလိုက်သည်။
" ကျန့်ကျန့်လေးရော အန်တီ "
" ဟိုမှာ ဆော့နေတယ် Yi bo လေး "
" ဟုတ် "
Yi bo ဆော့နေတဲ့ Xiao Zhan လေးနားသွားပြီး
" ကျန့်ကျန့်ရေ ကော ကျောင်းသွားတော့မယ်နော် တာ့....တာ့...."
Yi bo
Xiao Zhan ပါးလေးကို ဖွဖွလေး နမ်းပြီးတော့
ထလိုက်သည်။ ဒါပေမဲ့ ကုတင်လေးပေါ်က ကလေးလေးက
Yi bo လက်ကလေးကို ဆွဲထားသည်။" ကောကော ကျောင်းကပြန်လာရင် မုန့်တွေအားကြီး
ဝယ်လာမယ်နော် ကောကိုလွှတ်နော် "အန်တီလီလီမှ Xiao Zhan လေးကို ချီလိုက်ပြီး
" Yi bo လေးရယ်
သားကျန့်ကျန့် လေးက စကားနားမလည်သေးဘူးလေ
သွား သွား အန်တီပဲ ချော့ထားလိုက်မယ် "" ဟုတ် သားသား သွားပြီနော် အန်တီ "
" အင်းအင်း Yi bo လေး
တာ့..တာ့.."" တာ့... တာ..."
Yi bo လေး လက်ရမ်းပြပြီး နှုတ်ဆက်လိုက်သည်။Yi bo လေးလည်း ကျောင်းမှာ သူငယ်ချင်းတွေ အများကြီး
ရလာသည်။ ဆရာမ တွေကလည်း စကားတက်တဲ့ Yi bo
လေးကို ချစ်ကြသည်။ကျောင်းဆင်းတော့ Yi bo လေးလည်း
အိမ်သို့ ပြန်ရောက်လာပြီ ။
မား က Yi bo လေးကို ရေတိုက်ပြီး
ခန နား ခိုင်းထားသည်။
ထို့နောက် Yi bo လေးကို ရေချိုးပေးပြီး
Baby mild လေး လိမ်းပေးလိုက်သည်။" မား သားသား အန်တီလီ တို့အိမ် သွားအုံးမယ် "
" အမောင် Yi bo လေးတို့ကတော့ ဖြစ်ပြီ "
" ခနပါ မားကလည်း "
" မားကလည်း မလုပ်ပါနဲ့
မားက သွားခိုင်းပါတယ်နော်
ကလေးကို တအားအသားတွေကို ဖစ်ညှစ်မနေနဲ့နော်
ကလေး အသားက နုနုလေး "" ဟုတ် "
Yi bo အမြန် အန်တီ လီလီ တို့အိမ် ပြေးသွားသည်။
BẠN ĐANG ĐỌC
ဝမ်ရိပေါ် ကောကော ( Completed)
Fanfictionကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo