Yi bo အခန်းထဲမှာ နေရတာ စိတ်ကျဉ်းကြပ်တာကြောင့်...
အခန်းအပြင်မှာ စောင့်နေတဲ့ အစောင့် လူုကြီး ၃ ယောက်ကို
Jum ကို ဖုန်းဆက်ပေးရန် အကူအညီ တောင်းရသည်။
Xiao Zhan ကို ဆက်ချင်ပေမဲ့ ခွင့်ပြုမှာ မဟုတ်တာကြောင့် Jum ဆီကို
ဖုန်းဆက်လိုက်သည်။
ဖုန်းကိုလည်း အခန်းထဲ ယူသွားပါရစေ လို့လည်း ခွင့်တောင်းရသေးသည်။
Yi bo ပဲ ကံကောင်းတာလားမသိ
အစောင့်လူကြီးတွေက သဘောကောင်းကြသည်။
" Jum...
ငါဒုက္ခရောက်နေပြီသိလား
ငါ ခု အခန်းထဲမှာ ပိတ်ထားခံရတယ်
ပြီးတော့ ငါလက်ထပ်ရမဲ့သူက Pinky တဲ့ "
" ဘာ...! "
" ဟုတ်တယ် ငါလည်း ဘာလုပ်ရမလဲမသိတော့ဘူး..
ညနေမင်္ဂလာဆောင်ရတော့မယ်
မင်းကို ဖိတ်သေးလား "
" ဖိတ်စာတော့ ခုနက လာပေးတယ်
ငါ မအားသေးလို့ မကြည့်ရသေးဘူး
Pinky နဲ့ဆိုတာ မင်းပြောမှသိရတာ"
" အေး ငါ တောင်းပန်ပါတယ်ကွာ "
" ဟာ ရပါတယ် ကွာ
ငါက မင်းကိုပဲ စိုးရိမ်တာ
မင်းအဆင်ပြေရဲ့လား "
" ဟေ့အေး ငါအဆင်မပြေဘူးကွာ "
" ငါပြောတာယုံနော် Yi bo...
အချိန်တန်ရင် အကုန်အဆင်ပြေသွားပါလိမ့်မယ်
ပြီးတော့ ဖူးစာပါမှ ညားမှာပါကွာ ...
ငါလာခဲ့မယ်လေ မင်းဆီ"
" မလာပါနဲ့တော့ကွာ ...
မင်းလည်း စိတ်ညစ်တယ်မလား "
" အေးကွာ
ညနေ တွေ့ကြမယ် "
" အင်း "
///////////////////////////////////
ညနေ ရောက်သောအခါ....
မိတ်ကပ် ပြင်တဲ့သူများက
Yi bo ကို မိတ်ကပ်အနည်းငယ် ပြင်ပေးနေကြသည်။
မိတ်ကပ်ပြင်ပြီးသောအခါ
Yi bo ထိုင်ခုံလေးမှာ ထိုင်နေလိုက်သည်။
Xiao Zhan
မိတ်ကပ်ခန်းထဲသို့ ဝင်လာပြီး...
" ကော... "
" Xiao Zhan..."
မျက်လုံးလေးပြူးပြီး ကြည့်နေတဲ့ Yi bo ကို
Xiao Zhan ဖက်လိုက်သည်။
ထို့နောက် ပါးလေးကို တစ်ချက် နမ်းလိုက်ပြီး...
" ဂုဏ်ပြု အနမ်းလေးပေါ့ ကော "
" အင်း..."
လို့ပြောပြီး Yi bo
သူချစ်ရတဲ့ ကောင်လေးကို အတောက်ပဆုံး ပြုံးပြလိုက်သည်၊
ESTÁS LEYENDO
ဝမ်ရိပေါ် ကောကော ( Completed)
Fanfictionကိုယ်ထိန်းပေးခဲ့ဖူးတဲ့ ဘေးအိမ်က ကလေးကလည်း အရွယ်ရောက်လာရင် ကိုယ့်ကောင်လေး ဖြစ်လာနိုင်ပါတယ် ... Xiao Zhan Wang Yi bo
