Unicode
KJI part 8
ကုန်လွန်သွားတဲ့ အချိန်တေထဲမှာ၂ရက်ဆိုတဲ့ အချိန်က ဟိုလှည့်ဒီလှည့်နဲ့ မြန်လွန်းလှတယ်လို့ Sehunထင်နေမိတယ်.....
၂ရက်လုံးကျောင်းပိတ်ရက်လဲဖစ်နေတာကြောင့် အိမ်ထဲကအိမ့်ပြင်မထွက်ပဲအိမ်တွင်းကိုအောင်းနေတာဆိုရင် အိမ်ရှေ့ကသစ်ပင်တေတောင်ရေထွက်မလောင်းတဲ့အထိပဲ.....
မတော်လို့ Kim Jong Inနဲ့တွေ့နေမှာဖြင့်လေ....မနေညကလဲ Sehunကိုဖုန်းဆက်ရမယ်ဆိုတဲ့ သူ့မှာတမ်းကြောင့် ဖုန်းဆက်ပေမယ့် သူကဖုန်းမကိုင်ပါ....
Sehunကလဲ တခါတည်းကို ခဏပဲခေါ်ပြီး မကိုင်တာနဲ့ချလိုက်ကာ နောက်တခါထပ်မခေါ်တော့ဘူးလေ...သူ့ကဖုန်းဆက်ဖို့ပဲပြောတာ မကိုင်မချင်ခေါ်လို့ မပါဘူးလေ....
ဒီနေ့ညတော့ Sehunကြောက်နေမိတာအမှန်ပဲ...၂ရက်လဲပြည့်နေပြီးလေ...သူကစဆက်ဖို့တော့ဒီနေ့နည်းနည်း လက်တွန့်နေတယ်....
မချစ်လဲမချစ်ဘူး အဖြေလဲမပေးချင်ဘူး ကြောက်လဲကြောက်တယ်...မေမေ့ကို လဲမပြောရဲဘူး ပြောလိုက်ရင် Sehunဒီ့ထက်ပိုပြီး အနေအစားကျတ်ဖို့ပဲရှိတယ်....
အခုပြောနိုင်တာ တခုကတော့...
စိတ်...ညစ်...တယ်...!စိတ်ညစ်ညစ်နဲ့ စားနေတဲ့ ထမင်းတေကိုတူနေထိုးနေမိတဲ့ Sehunကသူ့ရှေ့က သူ့မေမေကကြည့်နေတာကိုသတိမထားမိပါ ညကျရင်ဘယ်လို ဖြေရှင်းရမလဲပဲစိတ်ရောက်နေတာလေ.....
"Sehun...Sehun....!"
သူ့မေမေရဲ့ ခပ်ဆောင့်ဆောင့်ခေါ်သံထွက်လာမှ Sehunစိတ်နဲ့လူပြန်ကပ်သွားပြီး....
"ဟင်...! ဟုတ်...ဟုတ်ကဲ့ မေမေ..."
Sehunရဲ့တုန်တုန်ရီရီနဲ့ ကပေါက်တိ ကပေါက်ချာထွက်လာတဲ့ အဖြေစကားအဆုံး မေမေက မျက်ခုံးတေကိုတွန့်ချိုးကာ Sehunကိုစိတ်ကြည့်လိုက်ပြီး....
"ဘာတေစိတ်ရောက်နေတာလဲ ထမင်းစားနေတာစိတ်မပါ လက်မပါနဲ့....!"
"ဟို...ဘယ် ဘယ်မှ စိတ်မရောက်ပါဘူးမေမေ....ကျက်ထားတဲ့ စာတေကို ပြန်စဉ်းစားနေတာပါ...."
Sehunကို မျက်မှောင်ကျတ်ကာသေချာစိုက်ကြည့်နေတဲ့ မေမေကြောင့် စားပွဲအောက်ကလက်က အင်္ကျီကိုဆုတ်ခြေနေမိသည်။
YOU ARE READING
Kim Jong In (B-2)
Fanfictionအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...