Unicode
"ဟူးးးး...."
သက်ပြင်းချရင်း ခေါင်းကဆံပင်တေကိုဆွဲဖွလိုက်မိသည်။
Kim Jong Inဆိုတဲ့သမိုင်းမှာ ထင်ရာအမြဲလုပ်ခဲ့တာ ခုလိုလုပ်ရကောင်းနိုးမလုပ်ရကောင်းနိုး ဆုံးဖြတ်ချက်ဇဝေဇဝါတခါမှမဖစ်ဘူးဖူးအမြဲလုပ်ချင်ရင်ဇိုးဇက်နဲ့လုပ်ပစ်လိုက်တာမျိုး.....
အခုလဲSehunကိုတွေ့ချင်လို့ ညနေကတည်းက သူ့အိမ်ဘက်ကိုတခေါက်ပတ်ကြည့်တုန်းကလဲအိမ်းတံခါးကြီးသော့ခေတ်ထားတယ်....
ညရောက်တော့ သော့ဖွင့်ထားလို့ သူ့အိပ်ခန်းကိုခိူးတက်ကြည့်တော့Sehunကိုမတွေ့ဘူး အိမ်ရှေ့ကနေ အခေါက်ခေါက်အခါခါဖြတ်ပြီး အခြေအနေကိုအကဲခေတ်ပေမယ့် Sehunအရိပ်ယောင်လေးတောင်မတွေ့ရပါ....
နောက်ဆုံးမှာတော့ တခါမှ ဘယ်သူ့ကိုမှတောင်းတောင်းတတ တွေ့ချင်လွန်းစိတ်မဖစ်ဘူးတဲ့Kim Jong In ကတော့ Oh Sehunဆိုတဲ့ကောင်လေးကိုတွေ့ချင်လွန်းလို့ အိမ်ရှေ့တံခါးပေါက်ကနေ ဝင်ဖို့ဆုံးဖြတ်လိုက်ရာမှ...
အခုလို လူခေါ်ဘဲလ်တခုကိုတီးရကောင်း မကောင်းစဉ်းစားစိတ်ရှုပ်နေရတာကသူ့စတိုင်နည်းနည်းလေးမှ မဟုတ်ပါ....
"ဟာာာ ရှုတ် တယ်ကွာ တီးတယ် ဘာဖစ်လဲ...."
ပြောပြောဆိုဆို ခလုပ်ကလေးကိုနိုပ်လိုက်တော့ အိမ်ထဲကလှုပ်ရှားမှုတခုနဲ့အတူ လူရိပ်တခုပေါ်လာပြီး အိမ်ပြင်ထွက်လာပေသည်။
အသားဖြူဖြူ အရပ်မြင့်မြင့် Sehunလို မျက်ခုံးမွှေးကောင်းကောင်းတေရှိတဲ့ဦးလေးကြီးက သွားစွယ်လေးတေပေါ်အောင်ပြုံးပြရင်း....
"သားဘယ်သူနဲ့တွေ့ချင်လို့လဲ...."
ခြံတံခါးလေးကိုဖွင့်ပေးလိုက်ရင်း Papa Ohကမေးလိုက်တော့...
"ဟို ကျွန်တော်က Sehunသူငယ်ချင်းပါဦးလေး..အခုသူရှိလားမသိဘူး သူနဲ့တွေ့ချင်လို့ပါ...."
"aww...သားသူငယ်ချင်းလား သူမရှိသေးဘူး ခရီးထွက်သွားသေးတယ် သူ့အဘွားတေဆီ...."
Sehunဖေဖေစကားအဆုံးမှာ Jong Inမျက်နှာက အလိုမကျသလိုဖစ်သွားပေမယ့် ချက်ချင်းပဲပြင်လိုက်ကာ....

ESTÁS LEYENDO
Kim Jong In (B-2)
Fanficအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...