Unicode
Part -21
မှန်ထဲကပေါ်နေတဲ့ပုံရိပ်ကလေးကိုကြည့်ရင်း Sehunသဘောကျနေမိတယ် Suit နီညိုရောင်လေးနဲ့သူက တကယ်ပဲကြည့်ကောင်းနေတာပဲလို့ ကိုယ့်ကို ခံစားရတော့ သဘောကျသွားတာကြောင့်ပြုံးလိုက်မိတယ်.....
"ဟီးး...."
မနက်ဖြန်ဆိုရင်သူမျှော်လင့်နေတဲ့နေ့ကိုရောက်လာခဲ့ပြီး ပျော်လို့ရင်ခုန်နေတာလား စိတ်လှုပ်ရှားတာကြောင့်လားသူမသဲကွဲပေမယ့် ရင်ခုန်နေတာတော့အမှန်ပဲ.....
အခုက သူဘူဆန်ကိုရောက်နေတာပါ Har Wonနဲ့စေ့စပ်ပွဲအတွက်ပါ သူမဒဏ်ရာတွေသက်သာပြီးတပတ်အကြာမှာပဲ သူမအဘွားရှိသလို Sehun အဒေါ်လဲရှိတဲ့ ဒီဘူဆန်ကိုစေ့စပ်ဖို့ရောက်လာခဲ့ကြတာ မနေ့ကတည်းက.....
သူတို့ကငယ်သေးတာကြောင့် မိဘဆွေမျိုးအစုံအလင်ရှေ့မှာပဲ လက်စွပ်လဲထားပြီး တက္ကသိုလ်တက်ပြီး အလုပ်နေရာအတိအကျရမှသေချာလက်ထပ်ပေးမယ်ဆိုတဲ့ လူကြီးတွေရဲ့စီစဉ်မှုကိုသူတို့လက်ခံခဲ့ကြခြင်းဖြစ်သည်။
အစမ်းဝတ်ကြည့်ထားတဲ့ဝတ်စုံလေးကိုချွတ်ပြီး ချိတ်နဲ့ပြန်ချိတ်လိုက်ကာ ဘီရိုထဲကိုထည့်လိုက်ပြီး မေမေ ပေးထားတဲ့ ဖုန်းအသစ်ကလေးကိုယူရင်းအောက်ထပ်ကိုဆင်းခဲ့လိုက်တော့သည်။
Sehunနဲ့ မေမေတို့ကတော့ မေမေ့ အမအိမ်မှာပဲနေကြပြီး မနက်ဖြန်မှ Har Wonအဘွားအိမ်မှာစေ့စပ်ပွဲလုပ်ကြမှာဖြစ်သည်။
"သားထမင်းစားတော့မလား ခနနေHar Wonလေးက အိမ်ကိုအလည်လာဦးမယ်တဲ့....."
ထမင်းစားခန်းထဲကနေ မေမေကထွက်လာပြီး မေးတာကြောင့် Sehunလဲထမင်းစားရန်တွေးလိူက်မိပြီး....
"ဟုတ် စားမယ် မေမေ...."
"အဲ့ဒါဆို လာ သားကြိုက်တက်တဲ့ ဂင်ချီထမင်းကြော်လေးလုပ်ထားတယ်...."
မေမေက ရှေ့ကဦးဆောင်ပြီး ထမင်းစားခန်းထဲဝင်သွားတာကြောင့် Sehunလဲနောက်ကနေလိုက်သွားလိုက်တော့သည်။
.
.
.
.
"Hun...နေ့လည်စာ စားပြီးပြီးလား...."နေ့လည်စာစားပြီး ပျင်းပျင်းရှိတာနဲ့ TVလိုင်းကိုဟိုပြောင်းဒီပြောင်းလုပ်နေတဲ့ ကျွန်တော့်နားကို ဂါဝန်ပန်းရောင်လေးဝတ်ပြီး ဆံပင်လေးကို ခပ်မြှောက်မြှောက်စည်းထားတဲ့ Har Wonကရောက်လာလေသည်။
![](https://img.wattpad.com/cover/219229535-288-k907585.jpg)
ŞİMDİ OKUDUĞUN
Kim Jong In (B-2)
Hayran Kurguအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...