Part -23

247 33 0
                                        

Unicode

Part -23

"ဝုန်း.....ဒုန်း ....ခလွမ်း...."

အပေါ်ထပ်က ကြားလိုက်ရတဲ့ဆူညံသံတချို့ကြောင့် TVအစီစဉ်တွေကိုအကြောင်းအရင်းမရှိတခုပြီးတခုပြောင်းကြည့်နေတဲ့ Jong Inမော့ကြည့်လိုက်မိတယ်.....

ခုနကသူ Sehun အိပ်ပျော်နေတုန်းကထားခဲ့တဲ့ညနေစာတွေကတော့ကြမ်းပြင်ပေါ်ပွစကြဲနေမှာအသေအချာပဲ....

မကြာမကြာကြုံနေရတဲ့ဒီအခြေအနေကရိုးသွားပြီးလို့တောင်ပြောရတော့မလားပါပဲလေ....

"ဟင်း..."သက်ပြင်းတစ်ချက်ကိုအသာရှိုက်ရင်း အပေါ်ထပ်ကိုတက်ခဲ့လိုက်တော့အပေါက်မှာရပ်နေနှင့်တဲ့အဒေါ်ကြီးကအခန်းထဲကိုဝင်ဖို့အခက်တွေ့နေပုံပေါ်ပါတယ်....

"အဒေါ်ကြီး ရတယ်အောက်ထပ်ဆင်းတော့ကျွန်တော်လုပ်လိုက်မယ်...."

"ဟုတ်ကဲ့အကိုလေး..."
အဒေါ်ကြီးကိုအောက်ထပ်ဆင်းခိုင်းပြီး အခန်းတံခါးကိုမဖွင့်ခင်စိတ်ကိုသေချာပြင်ဆင်လိုက်ကာ မျက်နှာထားကိုလဲပြင်လိုက်ပြီး အခန်းတံခါးကိုဖွင့်လိုက်ချိန် သူမျှော်လင့်ထားသလိုပဲ အရာရာဟာကြမ်းပြင်ပေါ်မှာ အမွမွပဲ....

ဘာမှပြောမနေပဲ မွစကြဲနေတဲ့ ထမင်းပန်းကန်အကွဲတွေနဲ့ ညစ်ပေသွားတဲ့ ကြမ်းပြင်ကိုရှင်းနေတုန်း သွေးစတချိူ့ကိုတွေ့လိုက်ရတာကြောင့် လူကလန့်သွားကာ သတိစွဲပြီးသားဖြစ်သွားပြီး.....

သူဝင်လာကတည်းက သူ့ကိုနောက်ကျောပေးကာပြတင်းပေါက်မှာရပ်နေတဲ့ Sehunဆီကိုအပြေးသွားကြည့်မိလေသည်။

"အချစ် ...အချစ်ပြစမ်း ကိ်ုယ့်ကို...."

စိုရိမ်တကြီးနဲ့ လက်နှစ်ဖက်ကိုဆွဲယူကြည့်တော့ ဘာမှမရှိနေတာကြောင့် ခြေထောက်ကိုငုံကြည့်လိုက်တော့ ညာဘက်ခြေဖဝါးအောက်ကနေတစိမ့်စိမ့် စိမ့်ထွက်နေတဲ့သွေးတွေ.....

"Arr...ဟာကွာ...."

ဘာမှတွေးနေပြောမနေတော့ပဲ သူ့ကိုဆန္ဒပြရင်း ၄ရက်တိတိအစားကောင်းကောင်းမစားပဲ မှောက်ပြစ် ခွဲပြစ်လုပ်နေတာကြောင့် ခပ်ပိန်ပိန်သာရှိတော့တဲ့ Sehunကိုယ်လေးကိုပွေ့ချီလိုက်မိတော့သည်။

Kim Jong In (B-2)Donde viven las historias. Descúbrelo ahora