Unicode
KJI part 9
"ကျောင်းသွားပါပြီး....."
ချိုင့်ကလေးကိုဆွဲရင်း ဦးထုတ်လေးကိုပြင်ဆောင်းလိုက်ကာSehunအိမ်ပြင်ကိုထွက်လာလိုက်တော့ ဒီနေ့ နေရောင်ကလဲလှသလို ပတ်ဝန်းကျင်ကလဲလှနေတယ် ဘယ်နေရာကိုကြည့်ကြည့် အရာရာကစိတ်ချမ်းသာစရာတေနဲ့ပဲ....
လူတေစိတ်ပျော်တဲ့အခါ ပုံမုန်မြင်နေကြအရာတေက နဂိုထက်ပိုလှတက်တယ် အခု Sehunလဲစိ်တ်ပျော်နေတာပါ ....
အကြောင်းကတော့ အဖြေပေးပြီးနောက်ရက်ကစ Kim Jong Inကြီးပျောက်သွားတာပါပဲ....
ဖုန်းကိုညတေဆက်ဆိုလို့ဆက်ပေမယ့် စက်ပိတ်ထားတယ်တဲ့ ကျောင်းသွားကျောင်းပြန်လဲအေးဆေးပဲ Oh Sehunတို့ဘဝလေးအေးချမ်းနေတာတပတ်ပြည့်ပြီးဆိုပါတော့....
ပတ်ဝန်ကျင်ကလှပမှုကို စိတ်ချမ်းသာနေမှုကိုလေအေးအေးလေးတေက်ိုအဝရူနေရင်း သာယာနေတဲ့ Sehunဘဝထဲကို ကားဟွန်းတီးသံတခုက စူးခနဲဝင်ရောက်လာပါတော့သည်။
ကျောင်းကိုရောက်ဖို့ နှစ်လမ်းကျော်ပဲအလို Byun Baekကို မနေ့ညက Gameမှာဘယ်လိုနိုင်ခဲ့ကြောင်းကြွားဖို့ စကားတေစီနေတုန်း နောက်ကနေအသံရှည်ဆွဲတီးလိုက်တဲ့ဟွန်းးသံ....
"တီ....တီ...."
နောက်ကဟွန်းသံကြောင့် Sehunခန္ဓာကိုယ်ကတချက် ဆက်ခနဲတုန်သွားပြီး ဘေးကိုကပ်ရပ်လိုက်ကာ နောက်ကိုလှည့်ကြည့်လိုက်တော့ နောက်ကကားက Sehunဘေးကိုငြိမ့်ခနဲရပ်သွားကာ လျောခနဲကျလာတဲ့မှန်ချပ်နောက်ကKim Jong In.......
"အချစ်....!ကျောင်းသွားမလို့လား....."
ကားထဲကနေခေါင်းထွက်လာပြီး Sehunကိုမေးလိုက်တာကြောင့် ယောင်နန နဲ့ခေါင်းငြိမ့်ပြလိုက်တော့ ကားပေါ်က Jonginကအောက်ကိုဆင်းလာပြီး....
"အာ့ဆို ကျောင်းမသွားနဲ့တော့ဒီနေ့ လာ ကိုယ်နဲ့လိုက်ခဲ့....."
ပြောပြောဆိုဆို Sehunကျောပေါ်က ကျောပိုးအိတ်ကလေးကို လက်ပြောင်းယူလိုက်ရင်း တဖတ်ကလဲSehunကိုဆွဲပြီး သူကားထဲထည့်ဖို့ပြင်နေလေတော့သည်။
"aww....ဟို ဟို Jong In Shi...မလိုက် မလိုက်လို့ မရဘူးလား အခုက စာမေးပွဲနီးနေပြီးမို့ ကျောင်းကတက်မှဖစ်မှာမို့ပါ...."
YOU ARE READING
Kim Jong In (B-2)
Fanfictionအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...