Unicode
တိုက်ခေတ်သွားတဲ့လေညင်းအေးအေးလေးကြောင့် သစ်ပင်ပေါ်က ခပ်ဝါဝါသစ်ရွက်တချို့ လွင့်ကျလာကြလေသည်။
မြေနီလမ်း နီဆွေဆွေလေးပေါ်ကို လွင့်ကျလာတဲ့သစ်ရွက်တေကိုနင်းဖြတ်ပြီး လျောက်လှမ်းလာတဲ့Sehunဦးတည်ချက်က အဖွားပိုင်တဲ့လိမ္မော်ခြံဆီကိုသာ......
Sehunအဘွားတို့နေတဲ့ဒီနယ်မြို့လေးက လိမ္မော်ခြံ၊စပျစ်ခြံတွေများစွာရှိကြပြီး စိုက်ပျိုးရေးကိုအဓိကထားလုပ်တဲ့နေရာဖစ်သည်။
ပတ်ဝန်ကျင်းအနေအထားအရ နေရတာသိပ်အေးချမ်းသလိုစိတ်ကိုသက်တောင့်သက်သာဖစ်ပြီးအပန်းပြေစေတယ်လို့ ထင်ရပေမယ့် ကျွန်တော့အတွက်ကတော့ထင်သလောက်မဟုတ်ပါ....
ဘာကြောင့်လဲလို့ဆိုရင် သူ့ရဲ့မူလတန်းကျောင်းသားဘဝ ပျော်ရွှင်တက်ကြွပြီး အရာရာစူးစမ်းတက်တဲ့အရွယ်ကိုကုန်လွန်စေခဲ့တဲ့ဒီနေရာဒီမြေက အဲ့လိုအဖြစ်မျိုးတေမပေးပဲအကြောက်တရားတေကိုသာပေးခဲ့ပြီး စိတ်ကူးယဉ်ပျော်ရွှင်တက်မှူတေကိုရိုက်ချိုးခဲ့တဲ့နေရာတခုရယ်သာ.....
ဆိုးဝါးကြမ်းတမ်းလှတဲ့ ဆရာမ ကအတန်းပိုင်ဖစ်ပြီး ထိုဆရာမရဲ့ အရွယ်နဲ့မလိုက်အောင်သူများကိုအနိုင်ကျင့်ဗိုလ်ကျတက်တဲ့သားနဲ့တခန်းတည်းတက်ခဲ့ရတဲ့ ခပ်အေးအေးနေတက်တဲ့Sehunလေးက အနိုင်ကျင့်ခံလေးဖစ်ခဲ့ရရှာတယ်......
ကျောင်းစတိုခန်းအဟောင်းက မူလတန်းအရွယ်ကလေးလေးကိုပိတ်ပြီး အပြစ်ပေးတဲ့ နေရာတခုတဲ့လား
ထိုစိတ်ဒဏ်ရာရဲ့ခြောက်လန့်မှုက လေးဘက်လေးတန် ပိတ်ထားတဲ့ ခပ်လုံလုံ ခပ်ကျဉ်းကျဉ်းနေရာတေက အသက်ရှုကြတ်ကြောက်ရွံ့ရသလို အိပ်မက်တေအဖြစ်မြင်မက်ရင်တောင် ဆက်မအိပ်ရဲတဲ့ အထိ.....
တနေ့မှ ဘယ်လောက်မှမရတဲ့မုန့်ဖိုးလေးတွေက ကျွန်တော်သုံးရတယ်ဆိုတာမရှိဘူး....
အငယ်တန်းစစ်ဗိုလ်တျောက်ရဲ့လစာကမိသားစုစားဝတ်နေရေးချောင်လည်ယုံရှိပြီး ချို့တဲ့ တဲ့ သူ့ကိုပေါင်းမယ့်သူမရှိသလို အပေါင်းသင်းမလုပ်ဝိုင်းပယ်ခံခဲ့ရတယ်.....

DU LIEST GERADE
Kim Jong In (B-2)
Fanfictionအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...