Part-2(U+Z)

316 40 0
                                        

Unicode

"အင့်....."

ညအမှောင်မှာတိုက်မိသွားတဲ့ကောင်လေးကို Jonginပြေးသွားရင်းတချက်လှည့်ကြည့်လိုက်မိတော့ မျက်လုံးပြူးလေးနဲ့ငေးနေလေရဲ့လေ....

ပြေးတာခဏ ရပ်လိုက်ရင်း ရှေ့က ကောင်တေကိုတချက်လှမ်းကြည့်ကာ....ဖင်ထိုက်ရက်ကလေး လဲနေတဲ့ကောင်လေးကို လက်ကမ်းပေးလိုက်ရင်း.....

"ဟေ့ အဆင်ပြေလား....."

ခေါင်းငုံကာ သူ့လက်သူပြန်ကြည့်နေတဲ့ကောင်လေးက သူ့အသံကြောင့်ပြန်မော့လာပြီး.....

"ရ....ရပါတယ်...."

တစိတ် သူ့အသံတေတုန်နေသလားလို့ ဘာလား ငါ့ကိုကြောက်နေတာတော့မဟုတ်ဘူးမို့လား.....

"ရ တယ်ဆိုလဲထ ငါဟိုကောင်တေကို ဆုံးမရဦးမှာ မင်းကြောင့်မမှီပဲနေလိမ့်မယ်..."

သူ့စကားကြောင့်ခန္ဓာကိုယ်လေးပါ တွန့်ခနဲဖစ်သွားတာပြီး လက်တုန်တုန်ကလေးနဲ့ သူ့လက်ကိုပြန်ကမ်းဆုတ်ကိုင်လာတဲ့အချိန်....

လက်ဖျားတေကအေးစက်ပြီး နုညံမှုကိုတော့ခံစားလိုက်ရတယ်....

သေချာတယ် ဒီကောင်လေးသူ့ကိုကြောက်နေတာ....

Jonginတျောက်သူ့ကို အကြောင်းမဲ့ကြောက်နေတဲ့ ကောင်လေးကို ဒေါသထွက်သွားပေမယ့်...သူ့ထက်အရေကြီးတဲ့ ဟိုကောင်၃ယောက်ကို မမှီမှာဆိုးတာကြောင့်....

တုန်တုန်ယင်ယင်နဲ့ကောင်လေးကို ဆွဲဆောင့် ထူပေးလိုက်တော့ လက်ထဲကိုဆွေ့ခနဲ့ပါလာတယ် ခေါင်းကြီးငုံနေသေးတာကြောင့် စိ်တ်အလိုမကျပိုဖစ်လာကာ....

"ခေါင်းက အောက်ပဲငုံနေတက်တာလား...?"

သူမေးလိုက်တော့ ခေါင်းပြန်မော့လာတဲ့မျက်ဝန်းလေးတေမှာ မျက်ရည်တေတောင်ဝဲနေသလားလို့

"အဲ့လောက်ကြောက်မနေနဲ့ ငါမင်းကိုကိုက်မစားဘူး...."

သူကအဲ့လိုပြောလိုက်တော့ ခြေထောက်ကလေးတောင်ခွေချင်သလိုဖစ်သွားတဲ့ကောင်လေးကို တချက်စူးခနဲ့ကြည့်က နေရာကနေလှည့်ထွက်ခဲ့လိုက်တော့သည်။
.
.
.
ည 8နာရီဝန်ကျင်း Seoulမြို့ရဲ့မီးရောင်စုံညက ကားသံလူသံတေနဲ့အသက်ဝင်နေဆဲ....

Kim Jong In (B-2)Opowieści tętniące życiem. Odkryj je teraz