Unicode
ကုတင်ပေါ်မှာ မေ့ဆေးအရှိန်နဲ့အိပ်မောကျနေတဲ့ကောင်လေးကိုကြည့်ပြီးသူ သက်ပြင်းချလိုက်မိတယ်......
အပြစ်ကင်းစင်တဲ့မျက်နှာလေးက မေ့နေတုန်းမှာတော့သူဘာမှမသိသေးလို့ထင်အေးချမ်းနေလိုက်တာကို.....
သတိရလာရင်ရော သူဒီလိုအေးချမ်းနေနိုင်ပ့ါမလား သူ့မိဘတွေကတော့ စိတ်ပူနေမှာအသေအချာပဲ....
ရုပ်ကလေးကတော့တကယ်ကိုချောလွန်းလှတယ် Jong Inပြောထားတာတွေနဲ့ကတော့တကယ်ကိုအကုန်ကွက်တိပဲ....
"ဟင်း....."
နောက်ထပ်တစ်ခေါက်သက်ပြင်းမောကိုချအပြီး သူဒီနေ့အတွက်ချနေရတဲ့သက်ပြင်းတွေကဘယ်နှစ်ကြိမ်တောင်ရှိနေပြီးလဲနော်....
ညီဖြစ်သူ Jong Inကဆိုးတယ်ဆိုပေမယ့်ဒီလိုထင်ရာစိုင်းလုပ်ချင်ရာလုပ်လာလိမ့်မယ်လို့တော့သူတကယ်ကိုမထင်ထားခဲ့မိတာအမှန်ပါ.....
အခုတော့ သူမသိအောင်ဝယ်ထားတဲ့ဒီတိုက်နဲ့ခြံထဲကို ပထမဆုံးရောက်ပြီး ပထမဆုံးအကြိမ်မှာပဲ အံသြခြင်းတွေတစ်ပုံတစ်ပင်ကစီးကြိုနေခဲ့တာပါ.....
"Hyung.....လာအပြင်ခနလိုက်ခဲ့ဦး......"
အခန်းထဲကိုဝင်လာတဲ့Jong Inကသူခိုးလာတဲ့ကောင်လေးကို Suhoကြည့်နေတုန်း လာခေါ်သွားလေသည်။
"Jong Innie....ဘာတွေလုပ်တာလဲ ညီလေးရယ် ...အခုသူ့မိဘတွေဘယ်လောက်စိတ်ပူနေလိမ့်မလဲ ပြန်ပို့ရအောင်ပါနော်....."
သူ့ကို အပြင်ခေါ်ထုတ်လိုက်တဲ့ Jong In ကိုချော့ပြောကြည့်လိုက်တော့....
"Arrr.....Hyungကလဲ မပို့ပေးနိုင်ပါဘူး သူ့ကိုလိုချင်လွန်းလို့မှဒီအထိခိုးလာရတာလေ....ပြန်ပို့လိုက်ရင် တစ်သက်လုံးဝေးသွားရမှာပေါ့ မပို့ဘူး...." 2
Jong Inကခေါင်းမာစွာငြင်းလိုက်တော့ Suhoဘယ်လိုပြောရမှန်းမသိဖြစ်သွားရသည်။
"မဟုတ်ဘူးလေ ပြန်ပို့ပြီး မိသားဖသားပီပီ တောင်းပေးမှာပေါ့ Hyungကသဘောတူပါတယ်Jong Inရယ်ပြီးတော့ သူ့မိဘကိုလဲလေးစားရမယ်လေ...."
နောက်တမျိုး ဖြောင့်ဖျကြည့်လိုက်ပေမယ့်....
"ထင်လား သူ့အမေလားအဲ့လိုလက်ခံမှာ....ထားပါhyungရယ် အခုကျွန်တော်ပြောချင်တာကလေ....ဒီကိစ္စကိုမေမေချက်ချင်းသိလို့မရသေးဘူး အခုသူက မက္ကစီကိုရောက်နေတာ အနည်းဆုံး၃/၄ပတ်ကြာမှာအဲ့ဒါတကယ်လို့ တခုခု Hyungကိုလှမ်းမေးရင် မသိဘူးပဲဖြေပေးနော်..."

YOU ARE READING
Kim Jong In (B-2)
Fanfictionအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...