Unicode
"ဘာပဲဖြစ်ဖြစ်အခုလိုကြီးအကုန်မနှံ့သေးပဲပြန်လာတာကတော့မမိုက်ပါဘူး Sehunရာ...."
Baek Hyun ကကျွန်တော့်ဘေးလာထိုင်ကာပြောရင်းစတော်ဘယ်ရီသီးတလုံးကိုလဲရှေ့ကခွက်ထဲကနေနှိုက်စားလိုက်လေသည်။
"aww...Jong Inကငါ့ကိုစိတ်မချလို့ပြန်တော့မယ်ဆိုပြီးဇွတ်ပြန်လာတာကိုဟ ငါလဲဘယ်တက်နိုင်မလဲ...."
"ဟင်...အဲ့Jong In Hyung ကလေပိုကိုပိုတယ်...!အေးအေးဆေးဆေးလေးနှံ့အောင်လည်တော့ကောင်းတာပေါ့ မင်းလဲပျော်နေတာမဟုတ်ဘူးလား...."
Baek Hyunပြောသလိုကျွန်တော်လဲပျော်ခဲ့ရပါတယ် ဒါပေမယ့် Jong Inကသူ့နယ်မြေမဟုတ်တဲ့နေရာတခုမှကျွန်တော်များပျောက်သွားခဲ့ရင်သူဘယ်လိုမှတက်နိုင်မှာမဟုတ်ဘူးဆိုပြီး စိတ်မချဘူးဆိုကာဇွတ်ပြန်လာခဲ့တာပါ....
သူစိတ်အေးလက်အေးမရှိတော့မယ့်အနေအထားမှာကျွန်တော်လဲမနေချင်တော့တာကြောင့်သူ့သဘောအတိုင်းMyanmarကနေပြန်လာခဲ့လိုက်ကြတော့သည် ။
"ရပါတယ်ကွာဘာမှမဖြစ်ပါဘူး......"ကျွန်တော်လဲနောက်ဆုံးကျန်တဲ့စတော်ဘယ်ရီသီးကိုBaek Hyun ပါးစပ်ထဲထည့်ပေးလိုက်လေသည်။
"အချစ်....!"
ဧည့်ခန်းထဲမှာကျွန်တော်တို့စကားပြောနေတဲ့နားကို Jong Inရောက်လာသည်။
"ဘာလဲကိုကို..."
"ကိုကို တို့အပြင်သွားရအောင်...."
"ဘယ်ကိုလဲ..."
"ရောက်ရင်သိမှာပေါ့အချစ် ရယ်လာပါ...."
Jong Inက ထိုင်နေတဲ့ကျွန်တော့်ကိုဆွဲခေါ်ကာရှေ့ကနေဦးဆောင်ပြီးသွားနေရင်းမှတခုခုကိုသတိရသွားဟန်နောက်ပြန်လှည့်ကာ...
"aww....Baek Hyun yar ညနေအပြန်နည်းနည်းနောက်ကျမယ်နော်..."ဟုနောက်မှာကျန်ခဲ့တဲ့Baek Hyunကိုအော်ပြောလိုက်လေတော့သည်။
.
.
.
.
"ဘယ်ကိုမောင်းနေတာလဲကိုကိုရယ် ပျင်းလာပြီ..."
ကျွန်တော်လဲကားနောက်မှီကိုလှန်ချလိုက်ကာ Jong In ဘက်ကိုလှည့်ကြည့်ရင်းမေးလိုက်တော့ Jong Inကပြုံးပြရင်း..."အချစ်အိပ်ချင်ခနအိပ်လိုက်လေ ကိုကိုရောက်ရင်နှိုးလိုက်မယ်...."
![](https://img.wattpad.com/cover/219229535-288-k907585.jpg)
ESTÁS LEYENDO
Kim Jong In (B-2)
Fanficအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...