Unicode
"Sehun....!ဘယ်လိုလုပ်ဒီရောက်နေတာလဲ...?"
ကျွန်တော့်ကို Jong Inကဆွဲခေါ်သွားပြီး ခြံစည်းရိုးနားရောက်တယ်ဆိုရင်ပဲ လိမ္မော်သီးတစ်ပွေ့နဲ့ Baek Hyunကစကားဦးကြိုမေးလေသည်။
"ommပြောပြမယ် အခု ဟိုသစ်ပင်ကွယ်ကိုအရင်သွားရအောင်နော်...."
အရင်ဆုံးသူတို့နဲ့ အတူ သစ်ပင်အကွယ်တခုကိုရောက်ဖို့ကိုပဲစိတ်လောနေမိတယ် ဦးလေးကြီးသူ့ကိုတွေ့သွားလို့မဖြစ်ဘူး မေမေဒီကိစ္စကိုသိသွားလိမ့်မယ်....
ကျွန်တော်ကလောပြီးပြောလိုက်မှသူတိူ့လဲလက်ထဲကလိမ္မော်သီးတွေကိုသတိရသွားသည်ထင် ခေါင်းငြိမ့်ပြရင်း ခြံအလည်ကနားနေဆောင်လေးကိုကျွန်တော့်ကိုခေါ်သွာကြလေသည်။
"ကဲ..ပြောပါဦးမင်း ဒီရောက်နေရတဲ့အကြောင်းလေး....."
ဘာမှမသိသေးတဲ့ Baek Hyunကမေးလိုက်တော့ ကျွန်တော်လဲ အမေကရုတ်တရပ်ကြီးဒီကိုခေါ်လာပြီးထားခဲ့ကာ ဖုန်းပါသိမ်းသွားတဲ့အကြောင်းကိုပြောပြလိုက်လေသည်။
"awwအဲ့ဒါကြောင့်ဟိုနေ့ကမင်း SNSတွေမှာပျောက်နေလို့ မင်းဖုန်းကိုဆက်တော့လဲစက်ပိတ်ထားတာကို....
ငါကစိတ်ပူနေသေးလို့ မင်းအိမ်ကိုသွားကြည့်တော့လဲအိမ်တံခါးတွေကသော့ခေတ်ထားတော့မင်းခရီးထွက်သွားတယ်မှတ်နေတာ...."
Baek Hyunက လိမ္မော်သီးတစိတ်ကိုသူလဲဝါးရင်း ကျွန်တော့်ကိုလဲတစိတ်ယူခွံတာကြောင့် တချက်ကြည့်လိုက်ပြီး ပါးစပ်ကလေးဟပေးကာဝါးလိုက်ပြီး ခေါင်းပဲငြိမ့်ပြနေမိသည်။
"ဒါနဲ့ ဒီခြံက...."
"ဟုတ်တယ်ငါ့အဘွားခြံလေ နောက်တခါစားချင်လဲလာခူးလို့ရတယ်နော် Baek Hyunဘာမှမဖြစ်ဘူးငါ့သူငယ်ချင်းလို့ပြောလိုက် ငါဦလေးကြီးကိုပြောထားပေးမယ်...အဟွတ်..."
ပြောနေရင်း Baek Hyunခွံထားတဲ့ လိမ္မော်သီးလေးကိုဝါးကာ ဘေးကိုမျက်လုံးရွှေ့ကြည့်လိုက်မိတော့ Kim Jong In Shiကကျွန်တော့်ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတာကြောင့် လိမ္မော်သီးစားနေတာပင် သီးသွားရလေသည်။

ESTÁS LEYENDO
Kim Jong In (B-2)
Fanfictionအဆုံးအစမရှိတဲ့အကြောက်တရားနွံကမင်းကဖန်းတီးပြီးငါ့ကိုနစ်သထက်နစ်အောင် အကျဉ်းချခဲ့တယ်.....ငါမင်းကိုအရမ်းမုန်းတယ် Kim Jong In ငါသိတဲ့ချစ်ခြင်းတရားဆိုတာ... မင်းကိုငါ့ထက်ချစ်မယ့်သူ.. မင်းကငါ့ထက်ပိုချစ်ရမယ်သူ... ဒီကမ္ဘာကြီမှာရှိခဲ့ရင်... လိုက်ရှာပြီးသတ်ပြစ်...